ပီအက်စ်ဂျီ ကနေ ထွက်ခွာခွင့်ရတော့မဲ့ ဂွန်ကာလို ရာမို့စ် ကို ဥရောပထိပ်သီးကလပ်တွေ မျက်စိကျနေ
ဂွန်ကာလို ရာမို့စ် ဟာ လာမဲ့နွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်ရတော့မှာဖြစ်ပြီး အီတလီ၊ စပိန် နဲ့ အင်္ဂလန် ကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဂွန်ကာလို ရာမို့စ် ဟာ လာမဲ့နွေရာသီမှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်ရတော့မှာဖြစ်ပြီး အီတလီ၊ စပိန် နဲ့ အင်္ဂလန် ကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဗုဒ္ဓဟူးနေ့ညက ပါ့ခ်ဒီပရင်စတေးဒီယံမှာ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းက ဒူအီ နဲ့ ခဗာရက်စ်ခီလီယာ တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးကို အနိုင်ရရှိသွားပါတယ်။ ဒူအီ က ပွဲအစောပိုင်းမှာတင် ကံကောင်းထောက်မစွာနဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ခဗာရက်စ်ခီလီယာက ပီအက်စ်ဂျီအတွက် ဒုတိယမြောက် အဖိုးတန်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ပြင်သစ်ဂန္ထဝင် ခရစ္စတိုဖာ ဒူဂါရီက ပီအက်စ်ဂျီနဲ့ လီဗာပူးတို့ရဲ့ ဥရောပပွဲကြီးပွဲကောင်း မတိုင်ခင်မှာ သူ့ရဲ့အမြင်တွေကို ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီကတော့ တူးလော့စ်ကို ၃-၁ နဲ့ နိုင်ထားလို့ ယုံကြည်မှုအပြည့်ရှိနေပေမဲ့ လီဗာပူးကတော့ အက်ဖ်အေဖလားမှာ မန်စီးတီးကို ၄-၀ နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ ဖိအားတွေ ရှိနေပါတယ်။
ပီအက်စ်ဂျီ (PSG) နည်းပြ လူးဝစ် အင်းနရစ်က လီဗာပူးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမှာက မနှစ်က ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ပွဲကို သတိရစေပြီး “လှပတဲ့ အမှတ်တရတွေ” ပြန်ပေးတယ်လို့ သောကြာနေ့မှာ ပြောလိုက်ပါတယ်။
အူစမန် ဒမ်ဘီလီကတော့ သူ့ရဲ့ အေးဂျင့်ကို မန်ချက်စတာ စီးတီး ဒါရိုက်တာ တစ်ဦးနဲ့အတူ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပီအက်စ်ဂျီ (PSG) အသင်းမှာ ရှိနေတဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ငြင်းဆိုလိုက်ပါတယ်။
ပီအက်စ်ဂျီကိုကိုင်တွယ်နေတဲ့ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အင်းနရစ်က အာဖရိကဖလားဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ဝေဖန်မှုအများအပြားနဲ့ကြုံတွေ့နေရတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘရာဟင်မ်ဒီယက်ဇ်ဘက်မှ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ဖီဖာကလပ်တိုက်ကြီးများဖလားပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ဘရာဇီးကလပ် ဖလာမင်ဂိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကာ ဆုဖလားဆွတ်ခူးပြီးနောက် ကလပ်ရဲ့ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ကာတာနိုင်ငံ အာမက်ဘင်အာလီအားကစားကွင်းကြီးထဲမှာယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေရာမှ အချိန်ပိုယှဉ်ပြိုင်ခဲ့ရာမှာလည်း အနိုင်အရှုံးမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။
မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက စီးရီးအေ နဲ့ ပရီးမီးယားလိဂ်ကြား ကစားဟန်ခြားနားမှုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အေစီမီလန်အသင်းမှာ ၆ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ဒွန်နာရမ်မာဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ မန်စီးတီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခံထားရတဲ့ နေမာဂျူနီယာဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ရွေးချယ်ခံရနိုင်ချေရှိပေမဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။