ခေါင်းစီးသတင်းများ
၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

ယူနိုက်တက်မှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ပြီး ဖိအားတွေဝင်ခဲ့တာကြောင့် အသင်းမှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

အာဖရိကဖလားကာလအတွင်း ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက် နည်းပြ ရူဘင်အာမိုရင်က ဒီနှစ်နှောင်းပိုင်းမှာကျင်းပမဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားတွေ ထွက်ခွာသွားတဲ့အခါ အသင်းအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်စဉ် သုံးပွဲဆက်အနိုင်ရထားပြီး ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြ

ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြတယ်လို့ ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတော်တော်များများဟာ စတုတ်စီးတီးလမ်းစဉ်ကို လိုက်လာကြပြီး တိုနီပူးလစ်ရဲ့နည်းစနစ်အဟောင်းကို အသုံးပြုလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားက ပရီးမီးယားလိဂ်အသင်းတွေဟာ ပူးလစ်ရဲ့နည်းစနစ်ကို ချစ်မြတ်နိုးလာပြီး စကေးလ် နဲ့ ဘောလုံးပိုင်ဆိုင်မှုထက် လက်ပစ်ဘော နဲ့ တည်ကန်ဘောတွေကို အားထားလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ လူစီယာနိုစပယ်လက်တီ

ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ လူစီယာနို စပယ်လက်တီ

အသင်းလက်မဲ့ဖြစ်နေတဲ့ လူစီယာနို စပယ်လက်တီဟာ ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေသူဖြစ်ပြီး ယခုအခါမှာ စပယ်လက်တီကိုယ်တိုင်က ဂျူဗင်တပ်စ်ကိုကိုင်တွယ်ခွင့်ရတဲ့နည်းပြဟာ ကံကောင်းတဲ့နည်းပြဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လီဗာပူးအသင်းအဝတ်လဲခန်းအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ချီယေဆာ

ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းအဝတ်လဲခန်းအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ချီယေဆာ

ပြီးခဲ့တဲ့စနေနေ့၊ ဘရန့်ဖို့ဒ်ကို မရှုမလှရှုံးနိမ့်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ အဝတ်လဲခန်းတစ်ခုအတွင်း ဘယ်သူမှ စကားမပြောနိုင်ကြဘူးလို့ လီဗာပူးတိုက်စစ်မှူးချီယေဆာက ဖွင့်ဟလာခဲ့ပြီး မကြာခင်မှာ အကောင်းဆုံးပုံစံဆီ ကြိုးကြာနီတွေ ပြန်ရောက်ရှိသွားလိမ့်မယ်လို့ အားပေးထောက်ခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘွေမို-ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှု

အမ်ဘွေမိုကို ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရွန်းနီ ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုဟာ နွေရာသီကစားသမားခေါ်ယူမှုတွေအနက် အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်း နဲ့ ဘာပေ၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

ထိပ်တန်းတိုက်စစ်မှူး၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်

ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်က လူငယ်တွေများပြားနေလို့ဖြစ်တယ်

ပရီးမီးယားလိဂ် ရဲ့ ပွဲစဉ် ၉ မှာ ချဲလ်ဆီး ဟာ အိမ်ကွင်းတွင် ဆန်းဒါးလန်း ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီး ဂန္တဝင်ကစားသမား ဂျွန်တယ်ရီ က ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်