တောင်ကိုရီးယားနာမည်ကျော်ရုပ်ရှင်မင်းသမီး Park Ji-ah သည် စက်တင် ဘာလ(၃၀)ရက်နေ့တွင် ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏အေဂျင်စီက အသိပေးထုတ်ပြန်ထားသည်။
အသက်(၅၂)နှစ်အရွယ် Park Ji-ah သည် ရုပ်ရှင်မင်းသမီးအဖြစ် နှစ်(၂၀) ကျော်ကြာလုပ်ကိုင်လာစဉ်အချိန်အတွင်း ရုပ်ရှင်အများအပြားနှင့် ရုပ်မြင်သံ ကြားရှိုးများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ကြောင်းသိရသည်။ Park Ji-ah သည် နာမည်ကျော်ရုပ်ရှင်စီးရီး The Glory တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လူသိများကြကြောင်းလည်းသိရသည်။ အဆိုပါရုပ်ရှင်စီးရီးတွင် Park Ji-ah သည် ၎င်း၏အကောင်းဆုံးသရုပ်ဆောင်ပုံများနှင့်ပတ်သက်ပြီး ပရိသတ်များထံမှ ချီးကျူးမှုများစွာကို ရရှိခဲ့ကြောင်းလည်းသိရသည်။

Park Ji-ahသည် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၂)နာရီ (၅၀)မိနစ်အချိန်တွင် ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့သည်ကို ၎င်း၏အေဂျင်စီက သတင်းထုတ်ပြန်ထားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့သည်။ ၎င်း၏အေဂျင်စီက “Park Ji-ah ရဲ့ သရုပ်ဆောင်မှုတွေကို အမြဲတမ်းအမှတ်ရနေမှာပါ”ဟု ပြောဆိုခဲ့သည်။ Park Ji-ah ၏ဈာပနကို Asan ဆေးဘက်ဆိုင်ရာစင်တာတွင်လုပ် ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် Park Ji-ah ၏ဈာပနကို The Glory ရုပ်ရှင်စီးရီးတွင် ၎င်းနှင့်အတူသရုပ်ဆောင်ခဲ့ဖူးသည့် Park Sung-hoon၊ Jung Sung-il၊ Kim Hieora နှင့် Kim Gun-woo တို့က တက်ရောက်ရန်စီစဉ်ထားကြောင်း တောင်ကိုရီးယားမီဒီယာများကရေးသားဖော်ပြခဲ့သည်။
Source : cnalifestyle.channelnewsasia.com
#xda77 #xda77digital #ParkJi-ah