ဒီရာသီ ပရီးမီယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိနိုင်မလား

ပရီးမီယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၅နေရာ

ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီယားလိဂ်ဟာ ဒုတိယမြောက် နှစ်ဆက်တိုက်အဖြစ် ဥရောပချန်ပီယံလိဂ် (UEFA Champions League) ဝင်ခွင့်အပိုတစ်နေရာရရှိဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေပါတယ်။ ဒါကြောင့် အစဉ်အလာအရ ထိပ်သီးလေးသင်းအစား အဆင့် ၅ အထိရှိတဲ့ အသင်းတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာနိုင်ခြေ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ဇယား

ပြီးခဲ့တဲ့ရာသီက လီဗာပူးအာဆင်နယ်မန်စီးတီးချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်းတို့ဟာ ပရီးမီယားလိဂ်မှာ အဆင့် ၅ အတွင်း ဝင်ခဲ့တာကြောင့် ၂၀၂၅/၂၆ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိခဲ့ကြသလို၊ တော့တင်ဟမ် ဟော့စပါးအသင်းကလည်း ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ပူးပေါင်းပါဝင်ခွင့် ရခဲ့ပါတယ်။

ဒါဟာ ပရီးမီယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်အဆင့်ရပ်တည်မှုအရ ငါးသင်းစလုံး ဝင်ခွင့်ရခဲ့တာဖြစ်ပြီး၊ အခုလည်း အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ်လာဖို့ အခွင့်အရေးရှိနေပါတယ်။ လက်ရှိမှာ အင်္ဂလန် (ပရီးမီယားလိဂ်) ဟာ ဥရောပပြိုင်ပွဲတွေမှာ အသင်းတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ UEFA ၏ ကိုးအဖီရှန့် (coefficient) ဇယားထိပ်ဆုံးမှာ အပြတ်အသတ် ဦးဆောင်နေပါတယ်။ အကယ်၍ အင်္ဂလန်က ထိပ်ဆုံးနှစ်နေရာအတွင်း ဆက်လက်ရှိနေမယ်ဆိုရင် လာမဲ့ ၂၀၂၆/၂၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီမီးယားလိဂ်အဆင့် ၅ ရတဲ့အသင်းဟာ တိုက်ရိုက်ဝင်ခွင့် ထပ်မံရရှိမှာ ဖြစ်ပါတယ်။

UEFA ရဲ့ ကိုးအဖီရှန့်ဇယားကို ဘယ်လိုတွက်ချက်သလဲဆိုတာနဲ့ ပတ်သက်လို့ UEFA က ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်တို့မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရမှတ်တွေကို ပေါင်းစပ်တွက်ချက်ပါတယ်။

အဲဒီမှတ်စုစုပေါင်းကို အဆိုပါလိဂ်မှ ပြိုင်ပွဲစတင်ချိန်က ပါဝင်ခဲ့တဲ့ အသင်းအရေအတွက်နဲ့ ပြန်လည်စားပြီး ပျမ်းမျှရမှတ်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ အခြေခံအားဖြင့် ဥရောပပြိုင်ပွဲတွေမှာ အနိုင်ရရင် ၂ မှတ်၊ သရေကျရင် ၁ မှတ် ရရှိပြီး ရှုံးနိမ့်ရင်တော့ အမှတ်မရပါဘူး။ ဒါ့အပြင် အသင်းတွေရဲ့ ရပ်တည်မှုပေါ် မူတည်ပြီး ဘောနပ်စ်ရမှတ်တွေကိုလည်း ပြိုင်ပွဲအဆင့်အတန်းအလိုက် သတ်မှတ်ပေးပါတယ်။ ဥပမာ – ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်စွဲရင် ၁၂ မှတ်၊ ယူရိုပါလိဂ်မှာ ၆ မှတ်နဲ့ ကွန်ဖရင့်လိဂ်မှာ ၄ မှတ် စသဖြင့် ရရှိပါတယ်။

အာဆင်နယ်အသင်းဟာ ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပထမရခဲ့တာကြောင့် အမြင့်ဆုံး ဘောနပ်စ်မှတ်တွေကို ရရှိထားပါတယ်။ လီဗာပူးစပါးချယ်လ်ဆီးနဲ့ မန်စီးတီးတို့ကလည်း ထိပ်သီး ၈ သင်းစာရင်းဝင်ခဲ့တာကြောင့် ဘောနပ်စ်အမှတ် ၂ ဂဏန်းစီ ရရှိထားကြသလို၊ နယူးကာဆယ်ကလည်း ၉.၂၅ မှတ် ရရှိထားပါတယ်။

လက်ရှိမှာ အင်္ဂလန်ဟာ ဥရောပပြိုင်ပွဲစတင်စဉ်က အသင်း ၉ သင်းအထိ ပါဝင်ခဲ့ပြီး အားလုံးက ပြိုင်ပွဲအတွင်း ဆက်ရှိနေသေးတဲ့ တစ်ခုတည်းသောလိဂ် ဖြစ်တာကြောင့် အခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ လက်ရှိ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အင်္ဂလန်ဟာ ဇယားထိပ်ဆုံးမှာ ရှိနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အသင်း ၅ သင်း တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း သူတို့ရဲ့ သက်ဆိုင်ရာ ဥရောပပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပါတယ်။

UEFA မဟာမိတ်အသင်းများ ဂိုးရမှတ်အဆင့်

Source : https://www.premierleague.com/

Leave a Reply

Your email address will not be published. Required fields are marked *