ရီးရဲလ်မက်ဒရစ် ဂိုးသမား သီးဘော့ကော်တိုရစ်က စတုဂတ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ကျေနပ်ပျော်ရွှင် နေခဲ့ပါတယ်။ စတုဂတ်အသင်းကို ၃ ဂိုး – ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကော်တိုရစ်ဟာ ပွဲစဉ်တလျောက် အကောင်းဆုံး ကစားသမား (Player of The Match) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
“စတုဂတ်အသင်းဟာ တိုက်စစ်အသင်း တစ်သင်းဖြစ်ပြီး ကောင်းကောင်း ကစားနိုင်ကြပေမဲ့ သူတို့က နောက်တန်းမှာလည်း နေရာလွတ်တွေ လစ်ဟနေလေ့ ရှိတက်ပါတယ်။ ပထမပိုင်း ၂၅ မိနစ်အတွင်းမှာတော့ သူတို့ကျွန်တော်တို့ကို နာကျင်အောင် လုပ်နိုင်ခဲ့ကြပေမဲ့ ကျွန်တော်တို့ အသင်းလည်းပြန်ကောင်းလာပြီး သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တိုက်ပြန်တိုက်စစ်နဲ့ အခွင့်ကောင်းယူပြီး ကစားကွက် အမြန်ရွှေ့ပြောင်းတာတွေ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း သူတို့ရဲ့ ချေပဂိုးကို ကောင်းကောင်းပြန်လည် တုံ့ပြန်နိုင်ခဲ့ပြီး အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။

သူတို့က တော်တော်လေး ဖိကစားနိုင်ခဲ့ကြပါတယ်။ တစ်ခါတလေတော့ ကျွန်တော်တို့ အဆင်ပြေပြေ ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ တစ်ခါတရံမှာ ကိုယ့်ကိုကိုယ် အခက်အခဲဖြစ်အောင် လုပ်ဆောင်မိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လွတ်နေတဲ့လူကို မမြင်နိုင်ခဲ့ကြဘူး။ ဒါကကျွန်တော်တို့တွေ ပြန်လည် ကြိုးစားပြင်ဆင်ရမဲ့ အချက်ပါပဲ။ ဒီချန်ပီယံလိဂ်ပုံစံသစ်မှာက အနိုင်နဲ့ စနိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။
သူတို့ရဲ့ ခံစစ်မှာက နေရာလွတ်တွေ အများကြီးပဲဗျ။ အဲ့ဒီကနေ ပထမဂိုး စရခဲ့တာဖြစ်ပြီးတော့ အဲ့ကနေပဲ အနိုင်ရသွားတာပါ။ ကျွန်တော်တို့ ဘာမှ သိပ်မလုပ်ခဲ့ရပါဘူး။” လို့ ကော်တိုရစ်က ပြောကြားပေးခဲ့တာပါ။
ကော်တိုရစ်ဟာ ပွဲပြီးဆုံးချိန်မှာ သူ့ရဲ့ဂျာစီအင်္ကျီကို လူငယ်ပရိတ်သတ်တစ်ဦးကို ပေးသွားခဲ့ပါတယ်။
“အဲ့ဒီမှာဗျ ဘန်နာစာတန်းကောင်းတစ်ခုကို ကိုင်ဆောင်ထားပြီး ဂိုးသမားအင်္ကျီဝတ်ထားတဲ့ ကောင်လေးတစ်ယောက် ရှိနေခဲ့တာ။ ဘောလုံးကွင်းထဲကို ဂိုးသမားအင်္ကျီဝတ်ပြီး လာကြည့်တဲ့သူ သိပ်ပြီးများများ စားစားမရှိပါဘူး။ ကျွန်တော့် အင်္ကျီလေးသူ့ကို ပေးလိုက်တာကြောင့် သူ့အိပ်မက်တွေ ပြည့်မြောက်သွားပါစေလို့ မျှော်လင့်မိပါတယ်။ နောက်ကျရင် သူလည်း ဒီဂိုးပေါက်မှာ ကစားနိုင်လာမလား ဘယ်သူမှ မသိနိုင်ဘူးလေ။” လို့ သူက ထပ်လောင်းပြောကြား သွားခဲ့ပါတယ်။
Source: tribalfootball.com
#xda77 #xda77digital #ရီးရဲလ်မက်ဒရစ် #ကော်တိုရစ်