
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းမစားတာကြောင့် အံ့အားသင့်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ စာရင်းထဲမှာ မပါဝင်တာကြောင့် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသပတေးနေ့မှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် နာပိုလီကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။