နယ်သာလန်မြေမှာ အဖိုးတန်အဝေးကွင်းနိုင်ပွဲရယူခဲ့တဲ့ အက်စတွန်ဗီလာ
ဖီယင်နု ဝ-၂ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်) အခုပွဲစဉ်အတွင်း အိမ်ရှင်ဖီယင်နုရော၊ ဧည့်သည်အက်စတွန်ဗီလာပါ ရေကုန်ရေခမ်းအားထုတ်ယှဉ်ပြိုင်ခဲ့လို့ အကြိတ်အနယ်ရှိတဲ့ပြိုင်ဆိုင်မှုတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဧည့်သည်တွေအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန်ဒုတိယပိုင်းမိနစ်တွေမှာ ဘူအမ်ဒီယာနဲ့ မက်ဂင်းတို့က သွင်းယူပေးခဲ့ပါတယ်။

