သွင်းဂိုး ၁၀၀-ပြည့်ခဲ့တဲ့ပွဲစဉ်ကို ဘဝတစ်လျှောက်လုံးမှတ်မိနေမှာပါလို့ ပြောလိုက်တဲ့ ဟာလန်း
မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ဖူလ်ဟမ်ကို ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။ ဟာလန်းဟာ ပွဲချိန် ၁၇ မိနစ်မှာ ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းကာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲအပြီး City Studios နဲ့ အင်တာဗျူးမှာ ဟာလန်းက “သေချာပါတယ်။ ဒီဂိုးက အရမ်းအဓိပ္ပာယ်ရှိပါတယ်။

