
ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ
လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့် ချိန်ဆက်မှုများ ရှိနေစဉ်မှာ လီဗာပူးရဲ့ကစားသမား အာနိုးလ်ကို ဒေးဗစ်ဘက်ခမ်းနှင့် ယူနိုက်တက်ကစားသမားဟောင်း ဒန်းနစ်အာဝင်က နှိုင်းယှဉ်လိုက်ပါတယ်။
လီဗာပူးကြယ်ပွင့်မိုဆာလက်က အခုရာသီ၊ အန်ဖီးလ်မှာ နည်းပြအန်းစလော့နဲ့ လက်တွဲရမှုအပေါ် သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ထိပ်တန်းစွမ်းဆောင်ရည်မျိုးပြသနေပြီး ကလပ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ဦးဆောင်သူဖြစ်လာနိုင်ရေး ကူညီပေးခဲ့ပါတယ်။
အခုညပိုင်း၊ လက်စတာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ထပ်တန်းပုံစံကောင်းပြသနိုင်ဖို့ လိုအပ်တယ်လို့ လီဗာပူးကစားသမားတွေဆီ အန်းစလော့က သတိပေးပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘီလ်ဘာအိုကို လက်ရှိရာသီရဲ့ ၅ ပွဲ မြောက်အဖြစ် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ပုံစံနှင့်ပတ်သက်ပြီး စိုးရိမ်စရာဖြစ်နေပါတယ်။ အန်ဆယ်လော့တီဟာ လာလီဂါ ၃ ပွဲဆက် အနိုင်ရရှိခဲ့သော်လည်း လီဗာပူးနှင့် ဘီလ်ဘာအိုတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး ပြောစရာတွေဖြစ်လာပါတယ်။
လီဗာပူးကြယ်ပွင့်အာနိုးလ်က ဆုဖလားအောင်မြင်မှုတွေ ရယူချင်တဲ့ဆန္ဒတစ်ခုသူ့မှာရှိနေပြီး ဒီစိတ်ဆန္ဒဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရာမှာ လမ်းညွှန်ချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။
ယာဂန်ကလော့ပ်က အင်္ဂလန်ဘောလုံးလောကအာဏာပိုင်တွေနဲ့ ရုပ်သံကုမ္ပဏီတွေကို ပွဲစဉ်ဇယားကျပ်တည်းမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုလေ့ရှိပေမဲ့ သူ့ရဲ့နေရာဆက်ခံသူ အန်းစလော့ကတော့ အသင်းရဲ့ပွဲကျပ်ကာလတွေအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ကိုပဲ စွဲကိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။