အင်တာမိုင်ယာမီစတား မက်ဆီရဲ့စွမ်းဆောင်ရည်ကို မာရှေးယာနို ချီးကျူး
နက်ရှ်ဗီလီအသင်းကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်ကို အင်တာမိုင်ယာမီနည်းပြ မာရှေးယာနိုက ချီးကျူးလိုက်ပါတယ်။ အာဂျင်တိုင်သားဟာ လက်ရှိ ၂၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရယူနိုင်ဖို့ နီးစပ်နေပါတယ်။

