အာဆင်နယ်လူငယ်စတားနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့တောင်းဆိုလိုက်တဲ့ အိုဒီဂတ်

အာဆင်နယ်လူငယ်စတားနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့တောင်းဆိုလိုက်တဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ရာသီကြိုခရီးစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်း မက်စ်ဒေါင်းမန်းနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆယ်ကျော်သက်ကစားသမားလေးဟာ ဟေးအန့်တ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး အေစီမီလန် ၊ နယူးကာဆယ်တို့နဲ့ပွဲတွေမှာ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

အိုးထရက်ဖို့ဒ်နိုင်ပွဲအပြီး အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူနိုင်မဲ့အခွင့်အရေးကို အာဆင်နယ်နည်းပြအာတီတာ လက်လွှတ်မခံခဲ့ပါဘူး။ အခုရလဒ်ကိုပိုင်ဆိုင်နိုင်ဖို့ ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးမိနစ်တွေမှာ ဂိုးသမားရာယာရဲ့အံ့မခန်းလက်စွမ်းနဲ့အတူ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ကစားရန် လိုအပ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ဂန္ထဝင်ဟောင်းရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ အိုဒီဂတ်

အာဆင်နယ်ဂန္ထဝင်ဟောင်းရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဂန္ထဝင်ဟောင်း တိုနီအဒမ်ရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့သလို သူ့ရဲ့အသင်းခေါင်းဆောင်စတိုင်ကို ကာကွယ်ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အိုဒီဂတ်ကို အာဆင်နယ်ကစားသမားတွေက ထောက်ခံခဲ့ကြောင်း အာတီတာပြော

အသင်းခေါင်းဆောင်နေရာအတွက် အိုဒီဂတ်ကို အာဆင်နယ်ကစားသမားတွေက ထောက်ခံခဲ့ကြောင်း အာတီတာပြော

အာဆင်နယ်အသင်းနည်းပြ မီကဲလ်အာတီတာက အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်အပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့ပါတယ်။ အာတီတာက အာဆင်နယ်ကစားသမားတွေဟာ အိုဒီဂတ်ကို ကပ္ပတိန်အဖြစ် ဆက်လက်ထားရှိဖို့ မဲအပြတ်အသတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီ

ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲလက်ခံခဲ့တာဖြစ်ပြီး မာဒူကီဟာ အာတီတာရဲ့အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ မာဒူကီရဲ့ စွယ်စုံရဘောလုံးစွမ်းရည်ကို သဘောကျနေပြီး ကစားသမားဟာ အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်လာမယ်လို့ ယူဆထားကြောင်း သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်ဝင်းဂါး - ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ရဲ့တိုးတက်မှုကို အံ့အားသင့်မိကြောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ နည်းပြဘဝမှာ လျင်လျင်မြန်မြန်တိုးတက်လာတာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတွေလည်း ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာတီတာ

ရီးရဲလ်အသင်းကိုအနိုင်ရပြီးနောက် ဆာကာတစ်ယောက် ခံစားခဲ့ရတာကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

ရီးရဲလ်ကိုအနိုင်ရပြီးနောက် ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဆာကာတစ်ယောက် သူ့ပါးသူချခံလိုက်ရသလို ခံစားခဲ့ရတာကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ဒုတိယအကျော့မှာ ဘာနေဗျူးကို သက်တောင့်သက်သာနဲ့ လာကစားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
အာတီတာ - အာဆင်နယ်နည်းပြ

ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်