ဂိုး၂၅၀ ပြည့်သွင်းယူနိုင်တဲ့ မိုဆာလက်ကို အန်းစလော့ ချီးကျူးဂုဏ်ပြု
အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။
ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ထပ်စိတ်မချရတဲ့ရာသီကိုကြုံတွေ့ခဲ့ရပြီး ဆိုးရွားတဲ့အမှားတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်နေထိုင်ရမဲ့ရက်တွေ နည်းပါးလာနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အီမီလီယာနို မာတီနက်ဇ် ဟာ ယခုနွေရာသီတွင် ယူနိုက်တက်မှ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြောင်း သတင်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အာဂျင်တီးနား မှ Bolavip ရဲ့ သတင်းများအရ ဗီလာဂိုးသမား မာတီနက်ဇ် ဟာ လက်ရှိအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ယူနိုက်တက်က ယခုနွေရာသီတွင် သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟာ ရာသီကုန်တွင် ဗီလာပါ့ခ် ပရိသတ်များအား နှုတ်ဆက်ခဲ့ပုံရသော်လည်း ထိုအချိန်က မည်သည့်နေရာသို့ ရောက်ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိသေးတာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ စက်တင်ဘာလမှာ အာဆင်နယ်ကနေ ပေါင် ၂၀ သန်းနဲ့ ပြောင်းရွှေ့လာပြီး ဗီလာမှာ သူ့ရဲ့ ပဉ္စမမြောက် ရာသီကို ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဗီလာဟာ သောကြာနေ့ညက ရာသီရဲ့ နောက်ဆုံး အိမ်ကွင်းပွဲမှာ တော့တင်ဟမ်ကို ၂-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ပရိသတ်တွေရှေ့မှာ ကျေးဇူးတင်စကားပြောကြားချိန်မှာ မာတီနက်ဇ်ဟာ သူ့မိသားစုနဲ့အတူ လက်ပြနှုတ်ဆက်ရင်း သိသိသာသာ ဝမ်းနည်းနေခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဂိုးသမား မာတီနက်ဇ်က နိုင်ငံအသင်းမှာ အသင်းဖော် မက်ဆီနဲ့ တွဲကစားရတဲ့အတွေ့အကြုံအကြောင်းကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ဗီလာဂိုးသမားဟာ ၂၀၂၁ ကတည်းက မက်ဆီနဲ့အတူတူတွဲဖက်ကစားခွင့်ရခဲ့တာဖြစ်ပြီး ကိုပါဖလား ၂ လုံး နဲ့ ကမ္ဘာ့ဖလား ၁ လုံးရယူနိုင်ခဲ့ပါတယ်။