တော့တင်ဟမ်သို့ပြန်လာမဲ့ ဆွန်ဟောင်မင်

ပရိသတ်တွေကိုနှုတ်ဆက်ဖို့ တော့တင်ဟမ်သို့ပြန်လာမဲ့ ဆွန်ဟောင်မင်

ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှထွက်ခွာပြီး အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ လာမဲ့ဒီဇင်ဘာလ ၉ ရက်နေ့မှာ တော့တင်ဟမ်သို့အလည်အပတ်ပြန်လာပြီး ပရိသတ်တွေကိုနှုတ်ဆက်သွားမယ်လို့ အတည်ပြုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်

ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်ကြောင်း အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ချဲလ်ဆီးအသင်းဟာ ကျွန်တော်ကြည့်ရတာ အနှစ်သက်ဆုံး အသင်းတွေထဲက တစ်သင်းပါလို့ပြောပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းစာရင်းမှာပါဝင်ဖို့‌ လုံးဝထိုက်တန်ပါတယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အပြည့်အစုံဖတ်ရန်
ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်ဖြစ်လာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယမ်အမ်ဘာပေဟာ ကြာသပတေးနေ့နံနက်က အိုလံပီယာကော့စ်ကို ၃-၄ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမပိုင်းအတွင်း ၃ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက်အမြန်ဆုံး ဟက်ထရစ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်စီးတီးရဲ့ရှုံးပွဲအတွက် တာဝန်ယူကြောင်းပြောကြားခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးရဲ့ရှုံးပွဲအတွက် တာဝန်ယူကြောင်းပြောကြားခဲ့တဲ့ ဂွါဒီယိုလာ

ပက်ပ်ဂွါဒီယိုလာက လေဗာကူဆင်ကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကစားသမား ၁၀ ဦးကို အပြောင်းအလဲလုပ်ခဲ့တဲ့အတွက် တာဝန်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ ဂရီမယ်ဒိုနဲ့ ပက်ထရစ်ရှစ်ခ်တို့ရဲ့ ဂိုးတွေကြောင့် မန်စီးတီးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စုအဆင့် ဒါမှမဟုတ် လိဂ်အဆင့်မှာ အိမ်ကွင်းရှုံးပွဲနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

ဒေါ့မွန်ကိုဂိုးသွင်းပြီး ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းဒေါ့မွန်ဘက်ကို ဂိုးသွင်းယူပြီးနောက် ပြိုင်ပွဲရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တဲ့ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်း ၃ သင်းနဲ့ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ်ရဲ့ဒဏ်ရာပြဿနာ

ယောကရက်စ်ရဲ့ဒဏ်ရာပြဿနာအပေါ် စိုးရိမ်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက တိုက်စစ်မှူး ဗစ်တာယောကရက်စ် ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ် လို့ ပြောကြားလိုက်ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာ စနေနေ့က ဘန်လေကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် တနင်္လာနေ့မှာ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

အေဂျက်စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

ကြာသပ‌တေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်ကစားသမားအများအပြားကိုပွဲထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အေဂျက်စ်အနေနဲ့ ယခုပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာလာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲအစ ၁၅ မိနစ်မှာပဲ အသင်းခေါင်းဆောင် ကန်းနက်တေလာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရှုံးနိမ့်ခဲ့တာကတော့ ကျေနပ်စရာမဟုတ်ဘူးလို့ ဆိုလာတဲ့မော်ရင်ဟို

ချဲလ်ဆီးပရိသတ်တွေရဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပေမဲ့ ရှုံးနိမ့်ခဲ့တာကတော့ ကျေနပ်စရာမဟုတ်ဘူးလို့ ဆိုလာတဲ့မော်ရင်ဟို

ဗုဒ္ဓဟူးနေ့နံနက်က စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဘင်ဖီကာနည်းပြ ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးပရိသတ်တွေရဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပေမဲ့ ရှုံးနိမ့်မှုကတော့ သူ့အတွက်ကျေနပ်စရာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးဆီ သတိပေးစကားဆိုလာတဲ့ မော်ရင်ဟို

ချန်ပီယံလိဂ်ထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင် ချဲလ်ဆီးဆီ သတိပေးစကားဆိုလာတဲ့ မော်ရင်ဟို

စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားဖွယ်ပြန်လာပြီး နိုင်ပွဲအတွက် ဘင်ဖီကာကို ဦးဆောင်ပေးရချိန် ဝမ်းနည်းလွမ်းဆွတ်နေတဲ့ခံစားချက်မျိုးရှိနေမှာ မဟုတ်ဘူးလို့ပြောဆိုရင်း ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးဆီ သတိပေးလာခဲ့ပါတယ်။ အင်္ဂါနေ့ညနေခင်းမှာပဲ စပါယ်ရှယ်ဝမ်းက ပေါ်တူဂီဘီလူးကြီးနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အန်ဇိုမာရက်စ်ကာရဲ့အသင်းကို ရင်ဆိုင်ဖို့ အတိတ်ကာလအောင်မြင်ခဲ့တဲ့အရပ်ဆီ ခြေချလာပါလိမ့်မယ်။

အပြည့်အစုံဖတ်ရန်