ချဲလ်ဆီးအတွက် ထိုက်တန်လွန်းတဲ့ နိုင်ပွဲတစ်ခုပါ

ချဲလ်ဆီးအတွက် ထိုက်တန်လွန်းတဲ့ နိုင်ပွဲတစ်ခုပါလို့ ကြွေးကြော်လိုက်တဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြရိုစီနီယာက ပါဖို့ဒ်ကိုအနိုင်ရရှိခဲ့မှုအတွက် သူ့ရဲ့ကျေနပ်အားရမှုကို ထုတ်ဖော်ပြသခဲ့ပြီး အလွန်ထိုက်တန်တဲ့ရလဒ်ပါလို့ ပြောကြားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာ ဆိုက်ပရပ်စ်သားတွေက ဂိုးသမားဂျေးဂေါ်တာရဲ့လက်စွမ်းပြမှုနဲ့အတူ ဇွဲလုံလအပြည့်ရှိတဲ့စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲ

အာဆင်နယ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ အာတီတာ

မီကယ်အာတီတာက အာဆင်နယ်အသင်းဟာ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ မနားတမ်းကြိုးစားနေတယ်လို့ ပြောလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြဘဝ၊ အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ ရိုစီနီယာကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းအပေါ် မီးမောင်းထိုးကာ သူ့အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်အားရနေပါတယ်။ ဒီနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးက အာဆင်နယ်ကိုဧည့်ခံကစားရချိန် ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက် - ရိုဆင်နီယာ

ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက်ကြောင်းပြောကြားလာတဲ့ ရိုဆင်နီယာ

ချဲလ်ဆီးနဲ့လမ်းခွဲလိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာက သူ့အနေနဲ့ အဆိုပါကောလာဟလတွေကို ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးဘုတ်အဖွဲ့က နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာ အလိုရှိနေတယ်လို့ နယ်ဗင် ဝေဖန်

ချဲလ်ဆီးကစားသမားဟောင်း ပတ်နယ်ဗင်က ကလပ်ရဲ့ဘုတ်အဖွဲ့ဟာ နည်းပြနေရာမှာ ရုပ်သေးရုပ်တစ်ရုပ်ကိုသာအလိုရှိတာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာကို ရာထူးကထုတ်ပယ်လိုက်တဲ့အပေါ် သူ့အနေနဲ့နားလည်ပေးနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာနဲ့ ချဲလ်ဆီးအသင်းရဲ့ တွဲဖက်ပိုင်ရှင် ဘီဟတ်အီဂါဘလီတို့ဟာ သောကြာ‌နေ့အစောပိုင်းမှာ ဆွေး‌နွေးမှုတွေပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာ

ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာတို့ကြား ဘာတွေမှားယွင်းခဲ့တာလဲ

ချဲလ်ဆီးအသင်းကို ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၆ လတောင် မပြည့်သေးခင်မှာပဲ နည်းပြအန်ဇိုမာရက်စ်ကာတစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ မာရက်စ်ကာလက်အောက် ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့လည်း ၁၅ မှတ်တောင် ကွာသွားတာပါ။

အပြည့်အစုံဖတ်ရန်
ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့အတူ ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူး

ချဲလ်ဆီးကို အနိုင်ရခဲ့ပေမဲ့ အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူးလို့ အူနိုင်းအမ်မရီ အခိုင်အမာပြောကြား

အူနိုင်းအမ်မရီက ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ တကယ်တမ်းတော့ မပါဝင်သေးပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးတို့နဲ့အပြိုင် ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းမှာ လိုအပ်ချက်တွေရှိနေသေးကြောင်းပြောကြားလာတဲ့ အာမိုရင်

ဝုဗ်ကိုဂိုးပြတ်နိုင်ခဲ့ပေမဲ့ အသင်းမှာ လိုအပ်ချက်တွေရှိနေသေးကြောင်းပြောကြားလာတဲ့ အာမိုရင်

အင်္ဂါနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ နည်းပြရူဘင်အာမိုရင်ကတော့ အသင်းမှာလိုအပ်ချက်တွေရှိနေသေးပြီး အသေးစိတ်အချက်အလက်တွေမှာ တိုးတက်ဖို့လိုနေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်