ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့အတူ ရာထူးပြုတ်ဖို့ နီးစပ်လာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးမန်နေဂျာ အန်ဇို မာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တော်တော်လေးများနေပါပြီ။ လာမဲ့သီတင်းပတ်တွေမှာ ရလဒ်တွေမကောင်းလာရင် သူ့ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ ၈ ပွဲကစားထားရာမှာ ၂ ပွဲပဲ နိုင်ထားတဲ့ ရလဒ်ဆိုးတွေကြောင့် ဒီအီတလီလူမျိုး မန်နေဂျာရဲ့ အခြေအနေက တော်တော်လေး ယိမ်းယိုင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူး

ချဲလ်ဆီးကို အနိုင်ရခဲ့ပေမဲ့ အက်စတွန်ဗီလာက ဖလားပြိုင်ပွဲမှာ မပါဝင်သေးဘူးလို့ အူနိုင်းအမ်မရီ အခိုင်အမာပြောကြား

အူနိုင်းအမ်မရီက ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အက်စတွန်ဗီလာဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ တကယ်တမ်းတော့ မပါဝင်သေးပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ဆီမီညိုကို ယူနိုက်တက်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးတို့နဲ့အပြိုင် ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းမှာ လိုအပ်ချက်တွေရှိနေသေးကြောင်းပြောကြားလာတဲ့ အာမိုရင်

ဝုဗ်ကိုဂိုးပြတ်နိုင်ခဲ့ပေမဲ့ အသင်းမှာ လိုအပ်ချက်တွေရှိနေသေးကြောင်းပြောကြားလာတဲ့ အာမိုရင်

အင်္ဂါနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ နည်းပြရူဘင်အာမိုရင်ကတော့ အသင်းမှာလိုအပ်ချက်တွေရှိနေသေးပြီး အသေးစိတ်အချက်အလက်တွေမှာ တိုးတက်ဖို့လိုနေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်

ချဲလ်ဆီးက အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းဖြစ်ဖို့ လုံးဝထိုက်တန်ကြောင်း အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ချဲလ်ဆီးအသင်းဟာ ကျွန်တော်ကြည့်ရတာ အနှစ်သက်ဆုံး အသင်းတွေထဲက တစ်သင်းပါလို့ပြောပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့အသင်းစာရင်းမှာပါဝင်ဖို့‌ လုံးဝထိုက်တန်ပါတယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အပြည့်အစုံဖတ်ရန်
အူဘာမီယန်း-ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှား

ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်တယ်လို့ အူဘာမီယန်းဝန်ခံ

အာဆင်နယ်တိုက်စစ်မှူးဟောင်း ပီယဲ-အမ်မရစ်အူဘာမီယန်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမားတွေအမြန်ဆုံးပြန်လာဖို့လိုအပ်-အာတီတာ

ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ

အဝေးကွင်းသရေပွဲစဉ်အပြီး ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ အာဆင်နယ်နည်းပြအာတီတာက ဆန်းဒါးလန်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်အပြီး လက်ရှိကြုံတွေ့နေရတဲ့ တိုက်စစ်ပိုင်းအကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ သူ့ရဲ့အသင်းဆီ ကစားသမားတွေ မဖြစ်မနေပြန်လာဖို့ လိုအပ်နေပြီလို့ အလေးပေးပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်

ချဲလ်ဆီး ချန်ပီယံလုဖို့ မစွမ်းဆောင်နိုင်တဲ့အချက်က လူငယ်တွေများပြားနေလို့ဖြစ်တယ်

ပရီးမီးယားလိဂ် ရဲ့ ပွဲစဉ် ၉ မှာ ချဲလ်ဆီး ဟာ အိမ်ကွင်းတွင် ဆန်းဒါးလန်း ကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီး ဂန္တဝင်ကစားသမား ဂျွန်တယ်ရီ က ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနည်းပြဖြစ်ချင်တဲ့ ဂျွန်တယ်ရီ

နည်းပြဖြစ်ဖို့ အခွင့်အလမ်းတွေ ဘာကြောင့် ပိုမရသလဲဆိုတာ နားလည်ရခက်ခဲတယ်လို့ ပြောကြားလိုက်တဲ့ ဂျွန်တယ်ရီ

ဂျွန်တယ်ရီက သူဟာ ဘာကြောင့် အလုပ်ကမ်းလှမ်းမှုတွေ ပိုမိုမရရှိသလဲဆိုတဲ့ အချက်အပေါ် ရှုပ်ထွေးမိကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းကို ကိုင်တွယ်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း လက်လျှော့လိုက်ပုံရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြရာထူးတစ်ခုမှ မရရှိတော့ဘဲ ကမ်းလှမ်းမှုတွေလည်း ရောက်မလာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်