ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြ

ပရီးမီးယားလိဂ်အသင်းတွေဟာ စတုတ်စီးတီးလမ်းစဉ်လိုက်လာကြတယ်လို့ ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်အသင်းတော်တော်များများဟာ စတုတ်စီးတီးလမ်းစဉ်ကို လိုက်လာကြပြီး တိုနီပူးလစ်ရဲ့နည်းစနစ်အဟောင်းကို အသုံးပြုလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်သားက ပရီးမီးယားလိဂ်အသင်းတွေဟာ ပူးလစ်ရဲ့နည်းစနစ်ကို ချစ်မြတ်နိုးလာပြီး စကေးလ် နဲ့ ဘောလုံးပိုင်ဆိုင်မှုထက် လက်ပစ်ဘော နဲ့ တည်ကန်ဘောတွေကို အားထားလာကြတယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ ပက်ဂွါဒီယိုလာ

၂၀၃၅ ခုနှစ်အထိ နည်းပြလုပ်နေဦးမဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ၂၀၃၅ ခုနှစ်မတိုင်ခင်အထိ နည်းပြအလုပ်ကနေ အနားယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ မန်စီးတီးအသင်းရဲ့ လေ့လာသုံးသပ်သူဟောင်း ကာလီပလန်ချတ်က နည်းပြအနေနဲ့ အနားယူသင့်တယ်လို့ အကြံပြုခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အီတီဟတ်မှာ ၉ ရာသီကြာနည်းပြလုပ်ကိုင်နေတဲ့ ပက်ဂွါဒီယိုလာက အသင်းကိုခေတ်သစ်ဆီသို့ ဦးဆောင်နိုင်ဖို့အတွက် စိတ်အားထက်သန်မှုတွေရှိနေသေးတယ်လို့ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ဂန္ထဝင်နည်းပြကြီးနှစ်ဦးနဲ့ ကစားသမားဘဝကိုလက်တွဲလိုသေးတဲ့ အီဗရာဟီမိုဗစ်ချ်

ဂန္ထဝင်နည်းပြကြီးနှစ်ဦးနဲ့ ကစားသမားဘဝကိုလက်တွဲလိုသေးတဲ့ အီဗရာဟီမိုဗစ်ချ်

အေစီမီလန်အသင်းအကြံပေးပုဂ္ဂိုလ်အီဗရာဟီမိုဗစ်ချ်က အခွင့်အရေးရှိမယ်ဆိုရင် ဂန္တဝင်နည်းပြကြီးနှစ်ဦးလက်အောက်မှာ ကစားသမားဘဝဖြတ်သန်းဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပြီး အန်ဆယ်လော့တီဦးဆောင်နေတဲ့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ပတ်သက်လို့လည်း ခန့်မှန်းချက်ကြီးတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်းရဲ့ဒဏ်ရာအခြေအနေ

မန်စီးတီးနဲ့ ဘန်လေပွဲမတိုင်ခင် ဟာလန်းရဲ့ဒဏ်ရာအခြေအနေ

ဟာလန်းဟာ ဒီရာသီအစမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းပြသခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်မရိတ်စ်ကွင်းမှာ ပွဲအစ ၉ မိနစ်အကြာမှာပဲ လိဂ်ဂိုး ၆ ဂိုးမြောက်ကို သွင်းယူပြီး ဆက်လက်ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေတိုက်စစ်မှူးဟာ ပွဲချိန် ၇၆ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ချေပဂိုးပေးခဲ့ရလို့ အာဆင်နယ်အသင်းနဲ့ ၁-၁ ဂိုး သရေရလဒ်ရရှိခဲ့ချိန်မှာ ပွဲကြည့်စင်ကနေ ကြည့်ရှုနေခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းမစားတာကြောင့် အံ့အားသင့်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းမစားတာကြောင့် အံ့အားသင့်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ စာရင်းထဲမှာ မပါဝင်တာကြောင့် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသပတေးနေ့မှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် နာပိုလီကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ ကစားသမား ၅ ဦးအထိရောင်းချနိုင်ဖို့လိုအပ်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအအတွင်း ဈေးကွက်မပိတ်သိမ်းမီ အသင်းမှ ကစားသမား ၅ ဦးအထိ ရောင်းချသွားဖို့ လိုအပ်နေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာစတား တာစတီဂျန်

ဘာစီလိုနာဂိုးသမား ‘တာစတီဂျန်’ကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဂိုးသမားနေရာအတွက် ဘာစီလိုနာအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တာစတီဂျန်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အီဒါဆန်ရဲ့အနာဂတ်က မသေချာသေးပဲ တူရကီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၁ နှစ်သားအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ဂွါဒီယိုလာက ဂိုးသမားနေရာကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

အပြည့်အစုံဖတ်ရန်
လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီ

၂၀၂၅ ဘောလွန်းဒီအော်ကို ဘယ်သူရမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ ပီကေး

ဘာစီလိုနာ ဂန္ထဝင်နောက်ခံလူ ဂျာရတ်ပီကေးက ၂၀၂၅ ဘောလွန်းဒီအော်ဆုကို လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီတို့အကြား ဘယ်ကစားသမားရမယ်ဆိုတာ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၉ ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၃ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ဖူးတဲ့ ပီကေးဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တီဂျာနီရိန်ဒါစ်

အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ ဖို့ ပဲဆုံးဖြတ်ခဲ့တဲ့ ရိန်ဒါစ်

ယခုနွေရာသီအတွင်း မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ တီဂျာနီရိန်ဒါစ်က သူ့အနေနဲ့ အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ဖို့အတွက် လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပက်ဂွါဒီယိုလာ

ဂိုးသမားနေရာနဲ့ပတ်သက်လို့ မထင်မှတ်စရာနောက်ဆုံးအခြေအနေအကြောင်း ဖွင့်ဟခဲ့တဲ့ ပက်ဂွါဒီယိုလာ

အီဒါဆန်ထွက်ခွာမဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန်စီးတီးအသင်းရဲ့မရေမရာဖြစ်နေတဲ့ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ်သတင်းစကားတစ်ခုကို ပက်ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ဂိုးသမားနေရာက ဒဏ်ရာပြဿနာအပြင် အမှားအယွင်းတွေ ကျူးလွန်လေ့ရှိတဲ့ အီဒါဆန်နဲ့အတူ အရံဂိုးသမားအော်တေဂါရဲ့မတည်ငြိမ်တဲ့လက်စွမ်းပိုင်းတို့ကြောင့် မရေမရာအခြေအနေအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိခဲ့ဖူးသူတွေက ပေါ်တိုရဲ့ဒီယိုဂိုကော်စတာ၊ အက်စ်ပန်ညိုရဲ့ဂျိုအမ်ဂါစီယာတို့ကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်