စီရော်နယ်ဒိုမရှိရင် ဆော်ဒီလိဂ်ကို ဘယ်သူမှကြည့်မှာမဟုတ်ဘူး

စီရော်နယ်ဒိုမရှိရင် ဆော်ဒီလိဂ်ကို ဘယ်သူမှကြည့်မှာမဟုတ်ဘူးလို့ ရီးရဲလ်ဂန္ထဝင်တိုနီခရူးစ် အခိုင်အမာပြောကြား

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကွင်းလယ်လူတိုနီခရူးစ်က အသင်းဖော်ဟောင်းစီရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပေါ်တူဂီကြယ်ပွင့်ဘက်မှရပ်တည်ကာ အခိုင်အမာကာကွယ်ပြောဆိုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
အယ်လ်နာဆာနဲ့ အဆင်မပြေဖြစ်နေတဲ့ ရော်နယ်ဒို

အယ်လ်နာဆာနဲ့ အဆင်မပြေဖြစ်နေပေမဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကိုတော့ ပုံမှန်အတိုင်းပြုလုပ်နေတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိမှာ အယ်လ်နာဆာအသင်းအပေါ် စိတ်ပျက်မှုတွေရှိနေပြီး ဆန္ဒပြတဲ့အနေနဲ့ ပွဲစဉ်အချို့ကို လွဲချော်နေပေမဲ့ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေကိုတော့ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အနာဂတ်အတွက် ချင့်ချိန်စဉ်းစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်

သရဲနီကစားသမားဘဝအနာဂတ်အတွက် ချင့်ချိန်စဉ်းစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့ သူ့အတွက်ရွေးချယ်ခွင့်တွေကို လေ့လာအကဲဖြတ်နေပါတယ်။ သူက ယာယီနည်းပြကာရစ်လက်အောက် အလှည့်အပြောင်းတွေကို သဘောကျနေပေမဲ့ ကလပ်အသင်းရဲ့ဦးတည်ချက်နဲ့ ဆုဖလားရည်မှန်းချက်တွေအပေါ် ကြီးကြီးမားမားသံသယဝင်နေဆဲ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်က ဖာနန်ဒက်စ်ကို ဆော်ဒီသို့ပြောင်းရွှေ့စေချင်ခဲ့

ယူနိုက်တက်က ဖာနန်ဒက်စ်ကို ဆော်ဒီသို့ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟာ သူ့ကိုအိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့စေချင်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာမှထွက်ခွာမယ်ဆိုတာ ရာဖင်ဟာ ငြင်းဆန်

ဘာစီလိုနာမှထွက်ခွာမယ်ဆိုတဲ့ကောလာဟလတွေကို ရာဖင်ဟာ ငြင်းဆန်

ဘာစီလိုနာတောင်ပံကြယ်ပွင့်ရာဖင်ဟာတစ်ယောက် မကြာသေးမီက အသင်းကနေထွက်ခွာတော့မယ်လို့ ကောလာဟလတွေထွက်ပေါ်လာခဲ့ပေမဲ့ ယခုအခါမှာ ကစားသမားက အဆိုပါသတင်းတွေက အဓိပ္ပာယ်မရှိကြောင်းနဲ့ အသင်းကနေထွက်ခွာမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို ပြောကြားလာတဲ့ ဖာနန်ဒက်စ်

ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို အသေးစိတ် ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လာမဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပါက ယူနိုက်တက်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပေါ်တူဂီသားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခံထားရကာ သွင်းဂိုး ၁၀၀ လည်းပြည့်မြောက်ထားသူလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
နေမာကို အန်ဆယ်လော့တီ သတိပေး

ကမ္ဘာ့ဖလားမှာ ဘရာဇီးအတွက်ကစားလိုပါက ကြံ့ခိုင်မှုပြည့်ဝနေရမယ်လို့ နေမာကို အန်ဆယ်လော့တီ သတိပေး

ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခံထားရတဲ့ နေမာဂျူနီယာဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြန်လည်ရွေးချယ်ခံရနိုင်ချေရှိပေမဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့လိုအပ်ကြောင်း သတိပေးစကားဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရူနို ဖာနန်ဒက်စ် xda77

ဆော်ဒီလိဂ်နဲ့ အမေရိကန်လိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ဘရူနို ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အမေရိကန်လိဂ်နဲ့ ဆော်ဒီလိဂ်တို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
နည်းပြ အာမိုရင်

ရှောနှင့် မိုင်းနူးတို့ရဲ့ယူနိုက်တက်အနာဂတ်အကြောင်း ပြောကြားလိုက်တဲ့ နည်းပြ အာမိုရင်

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် က အသင်းကစားသမားများဖြစ်တဲ့ လုခ်ရှော နှင့် ကော်ဘီ မိုင်းနူး တို့ရဲ့ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ဘယ်နောက်ခံလူ ရှောဟာ ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အာမိုရင်က နယူးဂျာစီမှာ “လုခ် ရှောဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလို့ ကျွန်တော်ခံစားရပါတယ်။ ဘောလုံးကို ထိလိုက်တာနဲ့ တစ်ဦးချင်းကစားနိုင်စွမ်းက သူ့မှာ ရှိပါတယ်”

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်