ယူနိုက်တက်မှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ပြီး ဖိအားတွေဝင်ခဲ့တာကြောင့် အသင်းမှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

