
ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ
ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။