ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
အီတလီနည်းပြ လူချီယာနိုစပယ်လက်တီ

နော်ဝေကို ဂိုးပြတ်ရှုံးပြီးနောက် အီတလီက ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်ရှိနေကြောင်း စပယ်လက်တီဝန်ခံ

အီတလီနည်းပြ လူချီယာနိုစပယ်လက်တီက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ခက်ခဲတဲ့အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ အော်စလိုမြို့မှာ ယှဉ်ပြိုင်တဲ့ပွဲမှာ အလက်ဇန်းဒါးဆော်လော့သ်နဲ့ အန်တိုနီယိုနူဆာတို့က နော်ဝေအတွက် ၂-၀ ဂိုးအထိ ဦးဆောင်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်က မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအတွက် တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးတွေအားလုံး ပထမပိုင်းမှာတင် သွင်းယူခဲ့တာပါ။

အပြည့်အစုံဖတ်ရန်