သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား
သတင်းတွေအရ ဘရိုက်တန်စတား ပက်ဒရိုတစ်ယောက် မကြာခင်မှာအသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။ ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂစ်တန်ကိုချိတ်ဆက်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

