နေမာကို သတိပေးလိုက်တဲ့ အန်ဆယ်လော့တီ

ကမ္ဘာ့ဖလားအတွက် နေမာကို သတိပေးလိုက်တဲ့ ဘရာဇီးနည်းပြ အန်ဆယ်လော့တီ

ကာလို အန်ဆယ်လော့တီက ဆန်းတို့စ်ကြယ်ပွင့် နေမာဟာ လာမဲ့နွေရာသီကမ္ဘာ့ဖလားအတွက် သူ့ရဲ့အစီအစဉ်တွေမှာ နေရာအာမခံချက်မရှိဘူးလို့ ဝန်ခံလိုက်ပြီးနောက် ဘရာဇီးအသင်း ကမ္ဘာ့ဖလားလူစာရင်းအတွက် နေမာကို သတိပေးလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒိုကို ဘာပေက ဘယ်လောက်အထိ အားကျလဲ

ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ဘာပေရဲ့ မိခင်

ရီးရဲလ်စတား ဘာပေရဲ့မိခင်ကတော့ သူ့သားဟာ ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေတစ်ယောက် ၂၀၂၄ နွေရာသီမှာ ငယ်ဘဝအိပ်မက်ကိုအသက်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကနေ ရီးရဲလ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဘာနေဗျူးမှာကစားချင်ခဲ့တာက ကလေးဘဝကတည်းကဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမဲ့ မက်ဆီ

၂၀၂၆ ခုနှစ်ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမဲ့ မက်ဆီ

ဘာစီလိုနာဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီဟာ လာမဲ့ ၂၀၂၆ ခုနှစ် အသင်းဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ လက်ရှိ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာကို ဆန့်ကျင်သွားမယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

အမ်ဘာပေက ကစားသမားဘဝမှာ မတူညီတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး မိုနာကိုမှာကစားနေချိန် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ မာကွင်ဟိုစ် ပြော

တော့တင်ဟမ်က ပီအက်စ်ဂျီကို လျှော့တွက်ခဲ့တယ်လို့ပြောကြားလိုက်တဲ့ မာကွင်ဟိုစ်

ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံခဲ့ရတဲ့ ပီအက်စ်ဂျီစတား ဟာကီမီ

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံခဲ့ရတဲ့ ပီအက်စ်ဂျီစတား ဟာကီမီ

ရီးရဲလ်မက်ဒရစ် ၊ ဒေါ့မွန် နှင့် အင်တာမီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း အာချရက်ဖ် ဟာကီမီ က ပါရီ ဆင်ခြေဖုံးမြို့ဖြစ်တဲ့ နန်တဲရ်မြို့ရှိ အစိုးရရှေ့နေများရုံးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခြင်းကို ခံထားရပါတယ်။ ပီအက်စ်ဂျီ ညာနောက်ခံကစားသမားတော့ မည်သည့်မှားယွင်းမှုမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

ပီအက်စ်ဂျီစတား ဗာရက်တီက သူနဲ့ နေမာတို့ မက်ဆီကို ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းလာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗာရက်တီက သူရယ် ၊ နေမာရယ် ၊ ပါရီဒက်စ်ရယ် ၊ ဒီမာရီယာရယ် ၄ ယောက်ပေါင်းပြီး မက်ဆီကို အံ့ဖွယ်ညစာတစ်ခုဖန်တီးကာ စည်းရုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါစည်းရုံးမှုအပြီးမှာ အာဂျင်တိုင်းဟာ အလျင်အမြန် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တော့ဒ်ဘိုလေ

ချဲလ်ဆီးရဲ့အိပ်မက်ဆန်ဆန် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအတွက် သုံးသပ်ချက်ပေးလာတဲ့ ‘တော့ဒ်ဘိုလေ’

ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်တော့ဒ်ဘိုလေက နယူးဂျာစီ၊ ဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတဲ့ သူ့အသင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ချဲလ်ဆီးအသင်းအတွက် ဒုတိယမြောက်ဆုဖလားရရှိခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ ဘိုလေက အပြာရောင်ကြယ်ပွင့်တွေကို ချီးကျူးဂုဏ်ပြုခဲ့သလို အန်ဇိုမာရက်စ်ကာနဲ့ပတ်သက်လို့လည်း သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်