နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့ပြန်တဲ့ ဆန်းတို့စ်စတား
ဆန်းတို့စ်စတား နေမာတစ်ယောက် နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့ပြီး လာမဲ့ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။
ဆန်းတို့စ်စတား နေမာတစ်ယောက် နောက်ထပ်ဒဏ်ရာထပ်မံရရှိခဲ့ပြီး လာမဲ့ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ စာရင်းထဲမှာ မပါဝင်တာကြောင့် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသပတေးနေ့မှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် နာပိုလီကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။
ကာလို အန်ဆယ်လော့တီက ဆန်းတို့စ်ကြယ်ပွင့် နေမာဟာ လာမဲ့နွေရာသီကမ္ဘာ့ဖလားအတွက် သူ့ရဲ့အစီအစဉ်တွေမှာ နေရာအာမခံချက်မရှိဘူးလို့ ဝန်ခံလိုက်ပြီးနောက် ဘရာဇီးအသင်း ကမ္ဘာ့ဖလားလူစာရင်းအတွက် နေမာကို သတိပေးလိုက်ပါတယ်။
ရီးရဲလ်စတား ဘာပေရဲ့မိခင်ကတော့ သူ့သားဟာ ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေတစ်ယောက် ၂၀၂၄ နွေရာသီမှာ ငယ်ဘဝအိပ်မက်ကိုအသက်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကနေ ရီးရဲလ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဘာနေဗျူးမှာကစားချင်ခဲ့တာက ကလေးဘဝကတည်းကဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီဟာ လာမဲ့ ၂၀၂၆ ခုနှစ် အသင်းဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်လာမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ လက်ရှိ ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာကို ဆန့်ကျင်သွားမယ်လို့သိရပါတယ်။
အမ်ဘာပေက ကစားသမားဘဝမှာ မတူညီတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး မိုနာကိုမှာကစားနေချိန် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။
ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူဗိုလ်လုစွဲပြီးနောက် ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုစ်က အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ချီးကျူးလာခဲ့ပြီး တော့တင်ဟမ်က အသင်းကိုလျှော့တွက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် ၊ ဒေါ့မွန် နှင့် အင်တာမီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း အာချရက်ဖ် ဟာကီမီ က ပါရီ ဆင်ခြေဖုံးမြို့ဖြစ်တဲ့ နန်တဲရ်မြို့ရှိ အစိုးရရှေ့နေများရုံးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခြင်းကို ခံထားရပါတယ်။ ပီအက်စ်ဂျီ ညာနောက်ခံကစားသမားတော့ မည်သည့်မှားယွင်းမှုမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။
ပီအက်စ်ဂျီစတား ဗာရက်တီက သူနဲ့ နေမာတို့ မက်ဆီကို ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းလာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗာရက်တီက သူရယ် ၊ နေမာရယ် ၊ ပါရီဒက်စ်ရယ် ၊ ဒီမာရီယာရယ် ၄ ယောက်ပေါင်းပြီး မက်ဆီကို အံ့ဖွယ်ညစာတစ်ခုဖန်တီးကာ စည်းရုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါစည်းရုံးမှုအပြီးမှာ အာဂျင်တိုင်းဟာ အလျင်အမြန် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။