ဗယ်လ်ဗာဒီ

ဗယ်လ်ဗာဒီကို လီဗာပူးဂန္ထဝင်ဟောင်း ဂျရတ်နဲ့ အလွန်ဆို ခိုင်းနှိုင်း

ပါချူကာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဗယ်လ်ဗာဒီကို မြင်ရတာဟာ အသင်းဖော်ဟောင်း ဂျရတ်ကိုပြန်မြင်ရသလိုပဲလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပထမဆုံး ၁၀ မိနစ်မှာတင် ၁၀ ယောက်တည်းကစားခဲ့ရပေမဲ့ ရီးရဲလ်အသင်းဟာ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ

ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို အမ်ဘာပေလွဲချော်မယ်လို့ အတည်ပြုခဲ့တဲ့ အလွန်ဆို

အစာအိမ်ရောဂါဝေဒနာကြောင့် ဆေးရုံတက်ကုသခဲ့တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုအချိန်အထိ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ပါချူကာနဲ့ရင်ဆိုင်ရချိန်မတိုင်ခင် တစ်ရက်အလိုမှာ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ဒီပွဲစဉ်ကို အမ်ဘာပေလွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက အခုပွဲစဉ်အတွက် အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရာသီဥတုဆိုးရွားမှုများက ပြင်းထန်စွာ ခြိမ်းခြောက်နေ

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ FIFA ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပွဲစဉ်အချို့ ရပ်နားခဲ့ရသလို၊ လာမဲ့အပတ် အပူလှိုင်းကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာကြောင့် ရာသီဥတုဆိုးရွားမှုတွေက ခြိမ်းခြောက်နေပါတယ်။ ပြိုင်ပွဲမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပွဲစဉ်လေးပွဲ ရပ်နားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ နှင့် ရိုနယ်ဒို

ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
နည်းပြချုပ်သစ် အလွန်ဆို

ကျွန်တော်တို့ စတင်နေပါပြီလို့ အန်ဆယ်လော့တီထံ ပြောကြားလိုက်တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ (မေ ၃၁၊ ၂၀၂၅) တွင် အယ်လ်ဟီလာလ် နှင့် ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးပွဲစဉ် ကစားခြင်းဖြင့် အလွန်ဆိုရဲ့ ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ နည်းပြချုပ်သစ် အလွန်ဆိုဟာ ပထမဆုံးပွဲစဉ်ကို ကိုင်တွယ်မှာဖြစ်ပြီး သူကတော့ စတင်ရန် စိတ်အားထက်သန်နေပါတယ်။

အပြည့်အစုံဖတ်ရန်
တီဂျာနီရိန်ဒါစ်

အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ ဖို့ ပဲဆုံးဖြတ်ခဲ့တဲ့ ရိန်ဒါစ်

ယခုနွေရာသီအတွင်း မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ တီဂျာနီရိန်ဒါစ်က သူ့အနေနဲ့ အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ဖို့အတွက် လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်