ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

သတင်းတွေအရ ရီးရဲလ်အသင်းစတား ဂွန်ကာလိုဂါစီယာတစ်ယောက် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး လာမဲ့ရာသီသစ်မှာ စီနီယာကစားသမားအဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဂွန်ကာလိုကိုယ်တိုင်ကလည်း လာမဲ့ရာသီ ရီးရဲလ်မှာဆက်နေဖွယ်ရှိနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖွယ်ရှိနေပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ဂါစီယာတစ်ယောက် ဥရောပအသင်းတော်တော်များများဆီက ကမ်းလှမ်းမှုကို ပယ်ချထားပြီး အလွန်ဆိုလက်အောက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲ လ်မက်ဒရစ်

မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ လူကာမိုဒရစ်နဲ့ လူကပ်စ်ဗက်စ်ကွက်ဇ်တို့ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင်နေရာတွေကို တရားဝင် ခန့်အပ်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်ဂန္ထဝင်ဟောင်း မက်ခီလီလီ

ဘော်လွန်းဒီအော်ဆုအတွက် အခြားစတားတစ်ဦးကိုသာ ရွေးချယ်ခဲ့တဲ့ ရီးရဲလ်ဂန္ထဝင်ဟောင်း

ရီးရဲလ်ဂန္ထဝင်ဟောင်း မက်ခီလီလီကတော့ ဘော်လွန်းဒီအော်ဆုအတွက် ဘာစီလိုနာစတား ယာမဲလ်အစား အခြားစတားတစ်ဦးကိုသာ ရွေးချယ်လိုက်ပါတယ်။ဘော်လွန်းဒီအော်ဆုအတွက်ဆွေးနွေးရာမှာ မက်ခီလီလီက ယာမဲလ်ကို ချန်လှပ်ပြီး ပီအက်စ်ဂျီစတား ဒမ်ဘီလီကို ရွေးချယ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုတာအတွက် ဂုဏ်ပြုစကားပြောဆိုလိုက်တဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်နဲ့အတူ နိုင်ပွဲရရှိပြီးနောက် ဂျိုတာအတွက် ဂုဏ်ပြုစကားပြောဆိုလိုက်တဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်လာပြီးနောက် “အာနိုးလ်”က လီဗာပူးအသင်းဖော်ဟောင်း”ဂျိုတာ”အတွက် ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်နည်းပြ အလွန်ဆို

တပည့်ဖြစ်သူရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်တဲ့ အလွန်ဆို

ရီးရဲလ်နည်းပြ အလွန်ဆိုက တပည့်အသစ် အာနိုးလ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး အားလုံး သူနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ယူနိုင်ခဲ့ပြီးနောက် အလွန်ဆိုက အာနိုးလ်ဘက်ကနေ ကာကွယ်ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗယ်လ်ဗာဒီ

ဗယ်လ်ဗာဒီကို လီဗာပူးဂန္ထဝင်ဟောင်း ဂျရတ်နဲ့ အလွန်ဆို ခိုင်းနှိုင်း

ပါချူကာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဗယ်လ်ဗာဒီကို မြင်ရတာဟာ အသင်းဖော်ဟောင်း ဂျရတ်ကိုပြန်မြင်ရသလိုပဲလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပထမဆုံး ၁၀ မိနစ်မှာတင် ၁၀ ယောက်တည်းကစားခဲ့ရပေမဲ့ ရီးရဲလ်အသင်းဟာ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗစ်တာရောကရက်စ်

ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့်မရခဲ့တာလဲ

ဗစ်တာရောကရက်စ် က ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့် မရခဲ့တာလဲ မေလက အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီမှာ ၃၄ ပွဲ ကစားခဲ့ရာ လာလီဂါသွင်းဂိုး ၃၁ ဂိုးဖြင့် အဆုံးသတ်ခဲ့ပြီး ပြိုင်ပွဲစုံတွင် ၄၂ ဂိုး သွင်းယူကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ အမှန်စင်စစ် အဆိုပါ ဂိုးသွင်းမှတ်တမ်းကြောင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီ၌ ပြိုင်ပွဲစုံတွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ၁၉၉၂-၉၃ ရာသီက အီဗန် ဇာမိုရာနို တင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ

ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို အမ်ဘာပေလွဲချော်မယ်လို့ အတည်ပြုခဲ့တဲ့ အလွန်ဆို

အစာအိမ်ရောဂါဝေဒနာကြောင့် ဆေးရုံတက်ကုသခဲ့တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုအချိန်အထိ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ပါချူကာနဲ့ရင်ဆိုင်ရချိန်မတိုင်ခင် တစ်ရက်အလိုမှာ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ဒီပွဲစဉ်ကို အမ်ဘာပေလွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက အခုပွဲစဉ်အတွက် အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
မက်ဆီ နှင့် ရိုနယ်ဒို

ရော်နယ်ဒိုနဲ့သူနဲ့ကြားက ဆက်ဆံရေးအခြေအနေကို ပြောပြလာတဲ့ မက်ဆီ

အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက သူနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေဟာ သာမန်သာဖြစ်ကြောင်းနဲ့ ရင်းနှီးတွေမိတ်ဆွေတွေမဟုတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ၂ ပွင့်ဟာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်ငြှိုးထားတာမျိုးမရှိခဲ့ဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ ကစားခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ကာလရှည် အပြိုင်လုခဲ့ကြသူတွေလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
တိုက်စစ်မှူးအမ်ဘာပေ

အစာအိမ်ဝေဒနာသက်သာလာပြီးနောက် ဆေးရုံမှပြန်ဆင်းလာတဲ့ အမ်ဘာပေ

ပြင်းထန်အစာအိမ်ဝေဒနာကြောင့် တိုက်စစ်မှူးအမ်ဘာပေ ဆေးကုသမှုခံယူနေတယ်လို့ ကြာသပတေးနေ့အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ရောဂါသက်သာလာလို့ ဆေးရုံဆင်းလာခဲ့ပါပြီ။

အပြည့်အစုံဖတ်ရန်