ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ကို လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဘာစီလိုနာဥက္ကဋ္ဌဝန်ခံ

ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် မာယော့ကာနဲ့ယှဉ်ပြိုင်သွားရမဲ့ လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျုဒ် ဘယ်လင်ဟမ်ကို ချီးကျူးလိုက်တဲ့ ပက်ဒရီ

ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်မှ ‘ဂျုဒ် ဘယ်လင်ဟမ်’ကို ချီးကျူးလိုက်တဲ့ ‘ပက်ဒရီ’

ယခုရက်သတ္တပတ်အစောပိုင်းက ဘာစီလိုနာ ကွင်းလယ်ကစားသမား ပက်ဒရီ က ၂၀၂၅ ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလပ်အတွက် အောင်မြင်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဆုဖလား ၃ လုံးကို ရယူနိုင်ခဲ့ကာ စပိန်လက်ရွေးစင်အသင်းကိုလည်း ယူအီးအက်ဖ်အေ နေရှင်းလိဂ်ဖိုင်နယ်သို့ ရောက်ရှိစေရန်လည်း ကူညီပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာစီလိုနာမှာသာ ကစားလိုတဲ့ 'ရွန်းနီ ဘာဒ်ဂီ'

ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာသာ ကစားလိုတဲ့ ‘ရွန်းနီ ဘာဒ်ဂီ’

ဘာစီလိုနာဟာ ၂၀၂၅-၂၆ လာလီဂါရာသီ မစတင်မီ နွေရာသီ အပြောင်းအရွှေ့ကာလကို အတော်လေးတိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဟန်စီ ဖလစ်ခ်ဟာ သူ့ရဲ့ ဒုတိယမြောက် နည်းပြရာထူးသက်တမ်းအတွင်း လိဂ်ဖလားအပြင် ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလား တို့ကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ကာတာလိုနီးယားမှာ ငွေကြေးကိစ္စတွေ စိုးရိမ်ပူပန်စရာ ဖြစ်နေဆဲဖြစ်တာကြောင့် ဖလစ်ခ်ဟာ လာလီဂါရဲ့ ၁:၁ အပြောင်းအရွှေ့ စည်းမျဉ်းအတွင်းမှာ ရှိနေဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုနဲ့ ရောင်းချမှုတွေကို မျှတအောင် လုပ်ဆောင်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ကစားသမားငါးဦးကို ရောင်းချရန်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရိုဒရီဂိုအပါအဝင် ပထမအသင်း ကစားသမားငါးဦးကို ရောင်းချရန်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ဟာ ၂၀၂၅-၂၆ ရာသီအတွက် ၂၅ ဦးပါ အသင်းလူစာရင်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်နေ့မှာပိတ်မဲ့ နွေရာသီအပြောင်းအရွှေ့မတိုင်မီ ကစားသမားငါးဦးကို လက်လွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကစားသမားငါးဦးစာရင်းထဲမှာ နွေရာသီတစ်လျှောက်လုံး ဆန်တီယာဂို ဘာနေဗျူးကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုလည်း ပါဝင်ပြီး အာဆင်နယ် နဲ့ လီဗာပူး တို့က သူ့ကို အပြင်းအထန် စိတ်ဝင်စားနေပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ရီးရဲလ်စတား ဂွန်ကာလိုဂါစီယာ

သတင်းတွေအရ ရီးရဲလ်အသင်းစတား ဂွန်ကာလိုဂါစီယာတစ်ယောက် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး လာမဲ့ရာသီသစ်မှာ စီနီယာကစားသမားအဖြစ် မြင်တွေ့ရဖွယ်ရှိနေပါတယ်။ ဂွန်ကာလိုကိုယ်တိုင်ကလည်း လာမဲ့ရာသီ ရီးရဲလ်မှာဆက်နေဖွယ်ရှိနေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖွယ်ရှိနေပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ဂါစီယာတစ်ယောက် ဥရောပအသင်းတော်တော်များများဆီက ကမ်းလှမ်းမှုကို ပယ်ချထားပြီး အလွန်ဆိုလက်အောက်မှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲ လ်မက်ဒရစ်

မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ လူကာမိုဒရစ်နဲ့ လူကပ်စ်ဗက်စ်ကွက်ဇ်တို့ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင်နေရာတွေကို တရားဝင် ခန့်အပ်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာ

အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်တဲ့ ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာ

အာဆင်နယ်ထံပြောင်းရွှေ့တော့မဲ့ ဗလန်စီယာနောက်ခံလူ မော့စကွယ်ရာတစ်ယောက် အသင်းဟောင်းကို နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်သားဟာ အာဆင်နယ်အသင်းထံ ပေါင် ၁၇ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲ့မတိုင်ခင် ဗလန်စီယာစတားဟာ အသင်းဖော်တွေအပြင် အသင်းကိုနှုတ်ဆက်စကားဆိုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗစ်တာရောကရက်စ်

ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့်မရခဲ့တာလဲ

ဗစ်တာရောကရက်စ် က ကီလီယန် အမ်ဘာပေ ထက် ဂိုးပိုသွင်းခဲ့သော်လည်း ဥရောပရွှေဖိနပ်ဆုကို ဘာကြောင့် မရခဲ့တာလဲ မေလက အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီမှာ ၃၄ ပွဲ ကစားခဲ့ရာ လာလီဂါသွင်းဂိုး ၃၁ ဂိုးဖြင့် အဆုံးသတ်ခဲ့ပြီး ပြိုင်ပွဲစုံတွင် ၄၂ ဂိုး သွင်းယူကာ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ အမှန်စင်စစ် အဆိုပါ ဂိုးသွင်းမှတ်တမ်းကြောင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်တွင် ပထမဆုံးရာသီ၌ ပြိုင်ပွဲစုံတွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး ၁၉၉၂-၉၃ ရာသီက အီဗန် ဇာမိုရာနို တင်ခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်ကြယ်ပွင့် မာတီနယ်လီ

အာဆင်နယ်ရဲ့အဓိကကြယ်ပွင့်ကို အံ့အားသင့်ဖွယ် ခေါ်ယူရန် စဉ်းစားနေတဲ့ ဘာစီလိုနာ

အသက် ၂၃ နှစ်အရွယ် ဘရာဇီးကစားသမား မာတီနယ်လီ ဟာ အမ်မရိတ်စ်တွင် ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်း အာဆင်နယ်ရဲ့ အရေးကြီးဆုံး တိုက်စစ်ကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း ၂၀၂၄-၂၅ ရာသီတွင် ခြေစွမ်းမတည်ငြိမ်မှုများစွာ ရှိခဲ့ပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အတွက် ယနေ့အထိ ၂၂၅ ပွဲတွင် ၅၁ ဂိုးသွင်းယူကာ ၂၉ ဂိုး ဖန်တီးပေးထားပြီး အာဆင်နယ် ပရိသတ်များစွာ ကြားတွင် ရေပန်းစားနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်