
အာဂျင်တီးနားက မက်ဆီအပေါ်မှာ မှီခိုနေခြင်းမရှိကြောင်း စကာလိုနီ ပြောကြား
အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက အသင်းဟာ ဂန္ထဝင်ကစားသမား လီယွန်မက်ဆီအပေါ်မှာ မှီခိုနေခြင်းမရှိကြောင်းနဲ့ မက်ဆီပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ပုံမှန်ခြေစွမ်းနဲ့ကစားနိုင်စွမ်းရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။