
အငှားစာချုပ်နဲ့ ဟင်ကာပီကိုခေါ်ယူလိုက်နိုင်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်နောက်ခံလူ ပီရိုဟင်ကာပီကို အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်အနေနဲ့ ရာသီကုန်မှာ ကစားသမားကိုအပြီးသတ်ဝယ်ယူသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းကို လေဗာကူဆင်ထံပေးချေသွားရမယ်လို့သိရပါတယ်။