ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မိုဆာလက်ကို အန်းစလော့ ချီးကျူးဂုဏ်ပြု

ဂိုး၂၅၀ ပြည့်သွင်းယူနိုင်တဲ့ မိုဆာလက်ကို အန်းစလော့ ချီးကျူးဂုဏ်ပြု

အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘဝ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အဖိုးတန်အဝေးကွင်းနိုင်ပွဲရယူခဲ့တဲ့ အက်စတွန်ဗီလာ

နယ်သာလန်မြေမှာ အဖိုးတန်အဝေးကွင်းနိုင်ပွဲရယူခဲ့တဲ့ အက်စတွန်ဗီလာ

ဖီယင်နု ဝ-၂ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်) အခုပွဲစဉ်အတွင်း အိမ်ရှင်ဖီယင်နုရော၊ ဧည့်သည်အက်စတွန်ဗီလာပါ ရေကုန်ရေခမ်းအားထုတ်ယှဉ်ပြိုင်ခဲ့လို့ အကြိတ်အနယ်ရှိတဲ့ပြိုင်ဆိုင်မှုတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ဧည့်သည်တွေအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန်ဒုတိယပိုင်းမိနစ်တွေမှာ ဘူအမ်ဒီယာနဲ့ မက်ဂင်းတို့က သွင်းယူပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မန်ယူသို့ပြောင်းလာတဲ့ ဂိုးသမားသစ် လမ်မန်းစ်

ယူနိုက်တက်သို့ဘာကြောင့်ပြောင်းရွှေ့ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ လမ်မန်းစ်

နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ်မှ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားလေး ဆန်နီလမ်မန်းစ်က အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အက်စတွန်ဗီလာသို့ ပြောင်းရွှေ့သွားတဲ့ ဆန်ချို

ယူနိုက်တက်မှထွက်ခွာပြီး အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ ဆန်ချို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အလီဂျန်ဒရိုဂါနာချိုကို အသင်းမှ ဖယ်ရှား

‘အလီဂျန်ဒရိုဂါနာချို’ကို အသင်းမှ ဖယ်ရှားလိုက်ပြီလို့ ပြောကြားလိုက်တဲ့ အာမိုရင်

အလီဂျန်ဒရိုဂါနာချို ကို ယူနိုက်တက် ပထမအသင်းရဲ့ အစီအစဉ်များမှ နည်းပြ ရူဘင်အာမိုရင်က ဖယ်ထုတ်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ကြောင်း ပေါ်တူဂီနည်းပြက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုအတွက် ယူနိုက်တက်ထံကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ဂါနာချိုအတွက် ယူနိုက်တက်ထံ ကစားသမားနှစ်ဦးဖြင့် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကတည်းက အလီဂျန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ဒီနွေရာသီမှာ အာဂျင်တီးနားလက်ရွေးစင်အပေါ် စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းထုတ်ဖို့ စာရင်းသွင်းထားပြီး နည်းပြ ရူဘင် အမ်မိုရင်က ပြီးခဲ့တဲ့ရာသီကုန်မှာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်မီလီယာနိုမာတီနက်ဇ်

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗီလာဂိုးသမား မာတီနက်ဇ်

အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဒရေအိုနာနာ

ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်