အမ်မီလီယာနိုမာတီနက်ဇ်

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမဲ့ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဗီလာဂိုးသမား မာတီနက်ဇ်

အိုနာနာဒဏ်ရာရပြီးနောက် ဂိုးသမားသစ်ရှာဖွေလာတဲ့ ယူနိုက်တက်

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဂိုးသမား အိုနာနာတစ်ယောက် ဒဏ်ရာရခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဒရေအိုနာနာ

ဒဏ်ရာပြဿနာကြောင့် ရာသီကြိုလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ တံကောက်ကြောဒဏ်ရာပြဿနာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်သွားမဲ့ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အိုနာနာ

လာမဲ့ရာသီမှာ ကလပ်ရဲ့ကစားသမားအဖြစ် ဆက်ရှိနေဖို့ မသေချာဘူးလို့ဆိုလိုက်တဲ့ အိုနာနာ

ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ထပ်စိတ်မချရတဲ့ရာသီကိုကြုံတွေ့ခဲ့ရပြီး ဆိုးရွားတဲ့အမှားတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်နေထိုင်ရမဲ့ရက်တွေ နည်းပါးလာနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အိုနာနာရဲ့နေရာကို အစားထိုးဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အာမိုရင်

အိုနာနာရဲ့နေရာကို အစားထိုးဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အာမိုရင်

အန်ဒရေအိုနာနာဟာ ယူနိုက်တက်နဲ့အတူ အမှားအယွင်းများတဲ့ နောက်ထပ်ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ရူဘင်အာမိုရင်က ဘယင်ဒါကို ပိုမိုအခွင့်အရေး ပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဒရေအိုနာနာ

လိုင်ယွန်နဲ့ပွဲမှာ အိုနာနာကို ပြန်လည်အသုံးပြုသွားမယ်လို့ အာမိုရင်အတည်ပြု

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ပထမအကျော့ လိုင်ယွန်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အမှားတွေပြုလုပ်ခဲ့တဲ့ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာကို ယုံကြည်ချက်ရှိနေဆဲဖြစ်ပြီး သောကြာနေ့နံနက်မှာ ယှဉ်ပြိုင်သွားမဲ့ ဒုတိယအကျော့မှာ ပြန်လည်ပွဲထွက်ခွင့်ပြုသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂိုးသမားအသစ်ရှာဖွေနေတဲ့ ယူနိုက်တက်နည်းပြ အာမိုရင်

အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတား

ယူနိုက်တက်နည်းပြ အာမိုရင် က ဂိုးသမားအသစ်ရှာဖွေနေပေမဲ့ အိုနာနာကတော့ သူ့အနေနဲ့ ယူနိုက်တက်ကနေထွက်ခွာဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်