ပက်ဂွါဒီယိုလာ

ဂိုးသမားနေရာနဲ့ပတ်သက်လို့ မထင်မှတ်စရာနောက်ဆုံးအခြေအနေအကြောင်း ဖွင့်ဟခဲ့တဲ့ ပက်ဂွါဒီယိုလာ

အီဒါဆန်ထွက်ခွာမဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန်စီးတီးအသင်းရဲ့မရေမရာဖြစ်နေတဲ့ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ်သတင်းစကားတစ်ခုကို ပက်ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ဂိုးသမားနေရာက ဒဏ်ရာပြဿနာအပြင် အမှားအယွင်းတွေ ကျူးလွန်လေ့ရှိတဲ့ အီဒါဆန်နဲ့အတူ အရံဂိုးသမားအော်တေဂါရဲ့မတည်ငြိမ်တဲ့လက်စွမ်းပိုင်းတို့ကြောင့် မရေမရာအခြေအနေအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိခဲ့ဖူးသူတွေက ပေါ်တိုရဲ့ဒီယိုဂိုကော်စတာ၊ အက်စ်ပန်ညိုရဲ့ဂျိုအမ်ဂါစီယာတို့ကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရက်ရှ်ဖို့ဒ်

ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ချိတ်ဆက်နေတဲ့အပေါ် တုံ့ပြန်လာတဲ့ ယူနိုက်တက်

စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီမှာ အငှားနဲ့ခေါ်ယူမဲ့အခြေအနေကို ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အာမိုရင်နဲ့ အဆင်မပြေတာကြောင့် ဒုတိယရာသီဝက်မှာ ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
တန်ဟက်

လေဗာကူဆင်ရဲ့ပထမဆုံး ခေါ်ယူမှုအဖြစ် ယူနိုက်တက် ကြယ်ပွင့်နှစ်ဦးကို ပစ်မှတ်ထားနေတဲ့ အဲရစ်တန်ဟက်

တန်ဟက်ကို ယခုရက်သတ္တပတ် အစောပိုင်းက လေဗာကူဆင်ရဲ့ မန်နေဂျာသစ်အဖြစ် ကြေညာခဲ့ပြီး ဂျာမန်ကလပ်မှ ရီးရဲလ်မက်ဒရစ်သို့ ထွက်ခွာသွားတဲ့ ဇာဗီအလွန်ဆိုရဲ့ နေရာကို ဆက်ခံခဲ့ပါတယ်။ အောက်တိုဘာလကုန်တွင် ယူနိုက်တက်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဒါဟာ တန်ဟက်ရဲ့ ပထမဆုံး မန်နေဂျာရာထူးဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့နှစ်က ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့ပြီး ယခုရာသီတွင် ဘိုင်ယန်မြူးနစ်နောက် ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချို-မန်ယူ

ဂါနာချိုကို ရောင်းထုတ်ရန် ကြိုးပမ်းပါက ရူးသွပ်ရာရောက်မယ်လို့ သတိပေးလိုက်တဲ့ ဒွိုက်ယော့ခ်

ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်း ဒွိုက်ယော့ခ်က ယခုနွေရာသီတွင် အလီဂျန်ဒရို ဂါနာချိုကို ရောင်းချခြင်း မပြုရန် အသင်းအား အကြံပေးခဲ့ပါတယ်။ ဂါနာချိုဟာ ရူဘင် အမ်မိုရင် လက်အောက်တွင် မျက်နှာသာ မရရှိတော့ဘဲ ယခုနွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာရန် သတင်းများထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်း

နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးစတား

သတင်းတွေအရ မန်စီးတီးဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် အခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အခုအပတ်စီးတီးအသင်းထံ နှုတ်ဆက်ခဲ့ပြီးနောက် ဒီဘရိုင်းဟာ လာမဲ့ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ စီးတီးအတွက် ပါဝင်ကစားပေးမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

ဂါနာချိုကို အသင်းသစ်ရှာဖို့ ညွှန်ကြားထားတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ်မှာ သူနဲ့အတူ ဆက်လက်လက်တွဲသွားရမဲ့ ကစားသမားအမည်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဖာနန်ဒက်စ်

ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ယူနိုက်တက်ထံ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်းလှမ်းလာတဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ မြင့်မားတဲ့တန်ကြေးနဲ့ ကမ်လှမ်းမှုပြုလုပ်လာခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အပြည့်အစုံဖတ်ရန်
လီယာအို

မီလန်ရဲ့လီယာအို အတွက် ယူရို ၈၅ သန်း ကမ်းလှမ်းဖို့ အသင့်ရှိနေတဲ့ အယ်လ်နာဆာ

Sky Sport Italia ရဲ့ သတင်းအရ ပီအိုလီရဲ့ အယ်လ်နာဆာဟာ အေစီမီလန် ကြယ်ပွင့် လီယာအို အတွက် ယူရို ၈၅ သန်းအထိကမ်းလှမ်းဖို့ အသင့်ရှိနေပြီဖြစ်ပေမဲ့ အီတလီကလပ်ကတော့ ရောင်းချဖို့ စိတ်မဝင်စားနေတာပါ။

အပြည့်အစုံဖတ်ရန်
လာမဲ့ဇန်နဝါရီဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ လွယ်ကူမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

လာမဲ့ဇန်နဝါရီဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ လွယ်ကူမှာမဟုတ်ကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိအသင်းရဲ့ဆိုးဝါးနေတဲ့ အခြေအနေတွေက အဘက်ဘက်မှာ ထိခိုက်မှုရှိနေကြောင်းနဲ့ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့အတွက်လည်း လွယ်ကူမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်