ဗယ်လ်ဗာဒီ

ဗယ်လ်ဗာဒီကို လီဗာပူးဂန္ထဝင်ဟောင်း ဂျရတ်နဲ့ အလွန်ဆို ခိုင်းနှိုင်း

ပါချူကာအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ ဗယ်လ်ဗာဒီကို မြင်ရတာဟာ အသင်းဖော်ဟောင်း ဂျရတ်ကိုပြန်မြင်ရသလိုပဲလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပထမဆုံး ၁၀ မိနစ်မှာတင် ၁၀ ယောက်တည်းကစားခဲ့ရပေမဲ့ ရီးရဲလ်အသင်းဟာ ပါချူကာအသင်းကို ၃-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘာပေ

ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို အမ်ဘာပေလွဲချော်မယ်လို့ အတည်ပြုခဲ့တဲ့ အလွန်ဆို

အစာအိမ်ရောဂါဝေဒနာကြောင့် ဆေးရုံတက်ကုသခဲ့တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုအချိန်အထိ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ပါချူကာနဲ့ရင်ဆိုင်ရချိန်မတိုင်ခင် တစ်ရက်အလိုမှာ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ဒီပွဲစဉ်ကို အမ်ဘာပေလွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက အခုပွဲစဉ်အတွက် အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
တိုက်စစ်မှူးအမ်ဘာပေ

အစာအိမ်ဝေဒနာသက်သာလာပြီးနောက် ဆေးရုံမှပြန်ဆင်းလာတဲ့ အမ်ဘာပေ

ပြင်းထန်အစာအိမ်ဝေဒနာကြောင့် တိုက်စစ်မှူးအမ်ဘာပေ ဆေးကုသမှုခံယူနေတယ်လို့ ကြာသပတေးနေ့အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ရောဂါသက်သာလာလို့ ဆေးရုံဆင်းလာခဲ့ပါပြီ။

အပြည့်အစုံဖတ်ရန်
နည်းပြချုပ်သစ် အလွန်ဆို

ကျွန်တော်တို့ စတင်နေပါပြီလို့ အန်ဆယ်လော့တီထံ ပြောကြားလိုက်တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ (မေ ၃၁၊ ၂၀၂၅) တွင် အယ်လ်ဟီလာလ် နှင့် ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးပွဲစဉ် ကစားခြင်းဖြင့် အလွန်ဆိုရဲ့ ခေတ်သစ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ နည်းပြချုပ်သစ် အလွန်ဆိုဟာ ပထမဆုံးပွဲစဉ်ကို ကိုင်တွယ်မှာဖြစ်ပြီး သူကတော့ စတင်ရန် စိတ်အားထက်သန်နေပါတယ်။

အပြည့်အစုံဖတ်ရန်
တန်ဟက်

လေဗာကူဆင်ရဲ့ပထမဆုံး ခေါ်ယူမှုအဖြစ် ယူနိုက်တက် ကြယ်ပွင့်နှစ်ဦးကို ပစ်မှတ်ထားနေတဲ့ အဲရစ်တန်ဟက်

တန်ဟက်ကို ယခုရက်သတ္တပတ် အစောပိုင်းက လေဗာကူဆင်ရဲ့ မန်နေဂျာသစ်အဖြစ် ကြေညာခဲ့ပြီး ဂျာမန်ကလပ်မှ ရီးရဲလ်မက်ဒရစ်သို့ ထွက်ခွာသွားတဲ့ ဇာဗီအလွန်ဆိုရဲ့ နေရာကို ဆက်ခံခဲ့ပါတယ်။ အောက်တိုဘာလကုန်တွင် ယူနိုက်တက်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဒါဟာ တန်ဟက်ရဲ့ ပထမဆုံး မန်နေဂျာရာထူးဖြစ်ပါတယ်။ လေဗာကူဆင်ဟာ ပြီးခဲ့တဲ့နှစ်က ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့ပြီး ယခုရာသီတွင် ဘိုင်ယန်မြူးနစ်နောက် ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုဟာ ရာသီကုန်မှာ ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာပြီး အသင်းသစ်သို့ ပြောင်းရွှေ့အခြေချတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိလာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး လာလီဂါဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိတော့ပေမဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာ

အန်ဆယ်လော့တီနေရာအတွက် မထင်မှတ်ထားတဲ့နည်းပြကို ချိတ်ဆက်လာတဲ့ ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ အန်ဆယ်လော့တီနေရာကို အစားထိုးဖို့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာကို ချိတ်ဆက်လာတယ်လို့ သိရပါတယ်။ ကနဦးတုန်းက ရီးရဲလ်ဟာ အန်ဆယ်လော့တီနေရာမှာ အလွန်ဆိုနဲ့ အစားထိုးဖို့ စီစဉ်ထားခဲ့ပေမဲ့ လေဗာကူဆင်စီအီးအို ကာရိုကတော့ စပိန်သားနည်းပြဟာ ဒီရာသီအပြီးမှာလည်း အသင်းမှာဆက်ရှိနေနိုင်တယ်လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်