ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီ

ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးရဲ့တောင်ပံကစားသမား နိုနီမာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲလက်ခံခဲ့တာဖြစ်ပြီး မာဒူကီဟာ အာတီတာရဲ့အသင်းနဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အာတီတာအနေနဲ့ မာဒူကီရဲ့ စွယ်စုံရဘောလုံးစွမ်းရည်ကို သဘောကျနေပြီး ကစားသမားဟာ အသင်းအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်လာမယ်လို့ ယူဆထားကြောင်း သိရပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်ဝင်းဂါး - ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ရဲ့တိုးတက်မှုကို အံ့အားသင့်မိကြောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ နည်းပြဘဝမှာ လျင်လျင်မြန်မြန်တိုးတက်လာတာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတွေလည်း ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာတီတာ

ရီးရဲလ်အသင်းကိုအနိုင်ရပြီးနောက် ဆာကာတစ်ယောက် ခံစားခဲ့ရတာကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

ရီးရဲလ်ကိုအနိုင်ရပြီးနောက် ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဆာကာတစ်ယောက် သူ့ပါးသူချခံလိုက်ရသလို ခံစားခဲ့ရတာကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ဒုတိယအကျော့မှာ ဘာနေဗျူးကို သက်တောင့်သက်သာနဲ့ လာကစားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
အာတီတာ - အာဆင်နယ်နည်းပြ

ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်နဲ့ ကွင်းတွင်းအငွေ့အသက်တွေ ကွဲပြားလွန်းတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

ဘရန့်ဖို့ဒ်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ပြသခဲ့တဲ့အရှိန်အဟုန်မျိုးအထိ တွန်းတင်နိုင်ဖို့ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရပြီးနောက် နည်းပြအာတီတာက အမ်းမရိတ်စ်ကွင်းတွင်းအငွေ့အသက်တွေဟာ ကွဲပြားခြားနားခဲ့တယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်လျှော့ဖို့ ငြင်းဆန်ခဲ့တဲ့ အာတီတာ

လီဗာပူးအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပေမဲ့ အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟားဗတ်ဇ် - အာတီတာ

ဟားဗတ်ဇ်တို့မိသားစု ခြိမ်းခြောက်ခံရမှုအတွက် အရေးယူသင့်တယ်လို့ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက အွန်လိုင်းပေါ်မှ ခြိမ်းခြောက်စာပို့ခံခဲ့ရတဲ့ အသင်းရဲ့ကစားသမား ကိုင်ဟားဗက်ဇ်နဲ့ ဇနီးဖြစ်သူ ဆိုဖီယာဟားဗက်ဇ်တို့ရဲ့ကိစ္စဟာ ဒီအတိုင်းပြီးမသွားသင့်ဘဲ တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြော ကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘော်လ်တန်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် အသင်းရဲ့လူငယ်ကစားသမားလေးတွေကို ချီးကျူးလာတဲ့ အာတီတာ

ဘော်လ်တန်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် အသင်းရဲ့လူငယ်ကစားသမားလေးတွေကို ချီးကျူးလာတဲ့ အာတီတာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဘော်လ်တန်ကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယခုပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ အသင်းရဲ့ လူငယ်ကစားသမားလေးတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

အပြည့်အစုံဖတ်ရန်
မန်ယူနိုက်တက် လူငယ် အသင်းကို ဂိုးပြတ်သိပ်ခဲ့တဲ့ ဂန်းနား လူငယ် အသင်း

မန်ယူနိုက်တက် လူငယ်အသင်းကို ဂိုးပြတ်သိပ်ခဲ့တဲ့ ဂန်းနား လူငယ် အသင်း

ယနေ့ နံနက် က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လိဂ် ၂ ပွဲစဉ် အဖွင့် ပွဲမှာ အာဆင်နယ် ယူ ၂၁ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းကို လေးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ် ယူ ၂၁ အသင်း အတွက် ဂိုးတွေကိုတော့ ခရွန်အက်ဝက်ဒ် က နှစ်ဂိုး ၊ ရိုဆီရက် ၊ အိုယီဒီဂျီ တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်