ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကို ကျေးဇူးတင်တဲ့ ဒွန်နာရမ်မာ

ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလာတဲ့ ဒွန်နာရမ်မာ

ယခု ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိပြီးနောက် မန်ချက်စတာစီးတီးဂိုးသမားသစ် ဒွန်နာရမ်မာက အသင်းဟောင်းပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
နေမာကို သတိပေးလိုက်တဲ့ အန်ဆယ်လော့တီ

ကမ္ဘာ့ဖလားအတွက် နေမာကို သတိပေးလိုက်တဲ့ ဘရာဇီးနည်းပြ အန်ဆယ်လော့တီ

ကာလို အန်ဆယ်လော့တီက ဆန်းတို့စ်ကြယ်ပွင့် နေမာဟာ လာမဲ့နွေရာသီကမ္ဘာ့ဖလားအတွက် သူ့ရဲ့အစီအစဉ်တွေမှာ နေရာအာမခံချက်မရှိဘူးလို့ ဝန်ခံလိုက်ပြီးနောက် ဘရာဇီးအသင်း ကမ္ဘာ့ဖလားလူစာရင်းအတွက် နေမာကို သတိပေးလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရိုဒရီဂိုကို ဘရာဇီးအသင်းမှ ထုတ်ပယ်ခဲ့

ရိုဒရီဂိုကို ဘရာဇီးအသင်းမှ ထုတ်ပယ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ရှင်းပြလာတဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ရိုဒရီဂိုကို ယခုတစ်ခေါက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်လူစာရင်းမှ ထုတ်ပယ်ခဲ့ပြီး ယခုအခါမှာတော့ ဘာကြောင့် ထုတ်ပယ်ခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
နေမာကိုချန်လှပ်ခဲ့ခြင်း

နေမာကိုချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက စက်တင်ဘာလ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် လူစာရင်းမှ နေမာကိုချန်လှပ်ခံခဲ့ခြင်းမှာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
စပယ်လက်တီကို နှင့် ရော်နယ်ဒို

ပီအိုလီနေရာအတွက် စပယ်လက်တီကို မြင့်မားတဲ့လစာနဲ့ အယ်လ်နာဆာ ကမ်းလှမ်း

သတင်းတွေအရ အယ်လ်နာဆာအသင်းဟာ နည်းပြ ပီအိုလီနေရာအတွက် စပယ်လက်တီကို မြင့်မားတဲ့လုပ်ခလစာနဲ့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ စပယ်လက်တီဟာ အယ်လ်နာဆာနည်းပြသစ်ဖြစ်လာနိုင်ချေရှိနေတယ်လို့ ဒယ်လိုစပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆော်ဒီကလပ်ဟာ ပီအိုလီနေရာအတွက် အစားထိုးမဲ့နည်းပြရှာဖွေနေတာဖြစ်ပြီး စပယ်လက်တီကို မြင့်မားတဲ့လုပ်ခလစာနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အီတလီနည်းပြ လူချီယာနိုစပယ်လက်တီ

နော်ဝေကို ဂိုးပြတ်ရှုံးပြီးနောက် အီတလီက ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်ရှိနေကြောင်း စပယ်လက်တီဝန်ခံ

အီတလီနည်းပြ လူချီယာနိုစပယ်လက်တီက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ခက်ခဲတဲ့အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ အော်စလိုမြို့မှာ ယှဉ်ပြိုင်တဲ့ပွဲမှာ အလက်ဇန်းဒါးဆော်လော့သ်နဲ့ အန်တိုနီယိုနူဆာတို့က နော်ဝေအတွက် ၂-၀ ဂိုးအထိ ဦးဆောင်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်က မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအတွက် တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးတွေအားလုံး ပထမပိုင်းမှာတင် သွင်းယူခဲ့တာပါ။

အပြည့်အစုံဖတ်ရန်
အန်ဆယ်လော့တီ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း အန်ဆယ်လော့တီ ထုတ်ဖော်ပြောကြား

ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအပြီးကတည်းက သူ့အနာဂတ်ကိုသိနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာကာသတင်းဌာနနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက ရီးရဲလ်ကနေထွက်ခွာရမယ်ဆိုတာကို သိနေခဲ့တာလို့ ဖြေကြားခဲ့ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ရာမှာ ဆုဖလား ၁၅ လုံးအထိရယူပေးနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ်မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အာဒါဂူလာ

အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ အန်ဆယ်လော့တီ ချီးကျူး

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး အာဒါဂူလာဟာ လက်ရှိအချိန်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမဲ့ အနာဂတ်မှာတော့ အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ခီလီယန်အမ်ဘာပေ

ဒဏ်ရာမှသက်သာလာတာကြောင့် ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်မဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့ရသော်လည်း ယခုအခါမှာ သက်သာနေပြီဖြစ်တာကြောင့် အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်သွားရမဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ချေရှိတယ်လို့သိရပါတယ်။ 

အပြည့်အစုံဖတ်ရန်