အီမီလီယာနို မာတီနက်ဇ်

ယူနိုက်တက်သို့ပြောင်းရွှေ့ချင်နေတဲ့ အီမီလီယာနို မာတီနက်ဇ်

အီမီလီယာနို မာတီနက်ဇ် ဟာ ယခုနွေရာသီတွင် ယူနိုက်တက်မှ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြောင်း သတင်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အာဂျင်တီးနား မှ Bolavip ရဲ့ သတင်းများအရ ဗီလာဂိုးသမား မာတီနက်ဇ် ဟာ လက်ရှိအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ယူနိုက်တက်က ယခုနွေရာသီတွင် သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟာ ရာသီကုန်တွင် ဗီလာပါ့ခ် ပရိသတ်များအား နှုတ်ဆက်ခဲ့ပုံရသော်လည်း ထိုအချိန်က မည်သည့်နေရာသို့ ရောက်ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိသေးတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒဏ်ရိုက်ခံခဲ့ရတဲ့ မော်ရင်ဟို

တူရကီဒိုင်လူကြီးတွေကို ဝေဖန်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ရိုက်ခံခဲ့ရတဲ့ မော်ရင်ဟို

ဖီနာဘာချီနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တူရကီဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် မှတ်ချက်ပေးခဲ့တာကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းကို ခံခဲ့ရပြီး ၄ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရမယ်လို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်