ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ လူစီယာနိုစပယ်လက်တီ

ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ လူစီယာနို စပယ်လက်တီ

အသင်းလက်မဲ့ဖြစ်နေတဲ့ လူစီယာနို စပယ်လက်တီဟာ ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေသူဖြစ်ပြီး ယခုအခါမှာ စပယ်လက်တီကိုယ်တိုင်က ဂျူဗင်တပ်စ်ကိုကိုင်တွယ်ခွင့်ရတဲ့နည်းပြဟာ ကံကောင်းတဲ့နည်းပြဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

အယ်လ်ကလက်စီကိုနိုင်ပွဲရယူရန် ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားမဲ့ အရေးပါတဲ့ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အမ်ဘာပေက စပိန်မြို့တော်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ ကြိုးစားနေပါတယ်။ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဟန်စီဖလစ်ခ်ရဲ့ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာအသင်းကို ၄ ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံးကို ဘာစီလိုနာအသင်းက ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ဂျူဗင်တပ် တပ်စ်ကိုအနိုင်ရပြီးနောက် အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ရီးရဲလ်နည်းပြ အလွန်ဆိုက ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အာဒါဂူလာ နဲ့ ဘယ်လင်ဟမ်တို့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒဏ်ရာကနေပြန်လာပြီးနောက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုက ခံစစ်ပိုင်းကြံ့ခိုင်မှု နဲ့ လာမဲ့အယ်လ်ကလက်ဆီကိုပွဲအတွက်ပါ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂန္ထဝင်နည်းပြကြီးနှစ်ဦးနဲ့ ကစားသမားဘဝကိုလက်တွဲလိုသေးတဲ့ အီဗရာဟီမိုဗစ်ချ်

ဂန္ထဝင်နည်းပြကြီးနှစ်ဦးနဲ့ ကစားသမားဘဝကိုလက်တွဲလိုသေးတဲ့ အီဗရာဟီမိုဗစ်ချ်

အေစီမီလန်အသင်းအကြံပေးပုဂ္ဂိုလ်အီဗရာဟီမိုဗစ်ချ်က အခွင့်အရေးရှိမယ်ဆိုရင် ဂန္တဝင်နည်းပြကြီးနှစ်ဦးလက်အောက်မှာ ကစားသမားဘဝဖြတ်သန်းဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပြီး အန်ဆယ်လော့တီဦးဆောင်နေတဲ့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ပတ်သက်လို့လည်း ခန့်မှန်းချက်ကြီးတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ငွေကြေး အများအပြားတောင်းဆိုလိုက်တဲ့ ဆန်ချိုရဲ့ ကိုယ်စားလှယ်များ

ရိုးမားအသင်းကို ပြောင်းရွှေ့နိုင်ရေးအတွက် ငွေကြေး အများအပြားတောင်းဆိုလိုက်တဲ့ ဆန်ချိုရဲ့ ကိုယ်စားလှယ်များ

ဂျေဒန် ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေက ရိုးမားအသင်းကို ပြောင်းရွှေ့နိုင်ရေးအတွက် ငွေကြေးအများအပြား တောင်းဆိုနေပြီး အသက် ၂၅ နှစ်အရွယ် ယူနိုက်တက်တောင်ပံကစားသမားဟာ အပြောင်းအရွှေ့မပိတ်ခင် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျေဒန် ဆန်ချို

ဆန်ချိုကိုခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကမှ ခေါ်ယူထားတဲ့ တောင်ပံကစားသမားကို ရောင်းချရမဲ့ ဂျူဗင်တပ်စ်

ဂျေဒန် ဆန်ချိုရဲ့ ဂျူဗင်တပ်စ် သို့ ပြောင်းရွှေ့မှုဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပြီး စီးရီးအေအသင်းဟာ ပြီးခဲ့တဲ့တစ်နှစ်ကမှ ရောက်ရှိလာခဲ့သော နာမည်ကြီး ကစားသမား နီကို ဂွန်ဇာလက်ဇ် ကို ရောင်းချရန် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
ဘာနာဒိုဆေးလ်ဗား

ဂျူဗင်တပ်စ်နဲ့ပွဲမှ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်မိကြောင်းပြောကြားလာတဲ့ ဘာနာဒိုဆေးလ်ဗား

သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ဥရောပထိပ်သီးကလပ် ဂျူဗင်တပ်စ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းရဲ့စွမ်းဆောင်ရည်အပေါ်မှာ အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘောလွန်းဒီအော်ရခဲ့သင့်တဲ့ သူကို ထုတ်ဖော်ပြောကြားလာတဲ့ ကာကာ

ရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ရခဲ့သင့်တဲ့ ကစားသမားအမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ကာကာ

ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့လို အသင်းလိုက်ဆုဖလားတွေနဲ့ ဘောလွန်းဒီအော်လို တစ်ဦးချင်းဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ကာကာက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ဆုရခဲ့သင့်တဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ကလပ် ၄ ခုအထိ ငြင်းပယ်ခဲ့တဲ့ ဇီဒန်း

အိပ်မက်အလုပ်ကိုရရှိဖို့ ကလပ် ၄ ခုအထိ ငြင်းပယ်ခဲ့တဲ့ ဇီဒန်း

ဇီဒန်းဟာ နည်းပြအလုပ်သို့ပြန်လာရန် အိပ်မက်အလုပ်ကို ဆက်လက်စောင့်ဆိုင်းနေတာကြောင့် အနည်းဆုံး ဥရောပအသင်းကြီး ၄ သင်းထံမှ ချဉ်းကပ်မှုများကို ငြင်းပယ်ခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

အပြည့်အစုံဖတ်ရန်