ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို အသေးစိတ် ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လာမဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပါက ယူနိုက်တက်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပေါ်တူဂီသားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခံထားရကာ သွင်းဂိုး ၁၀၀ လည်းပြည့်မြောက်ထားသူလည်းဖြစ်ပါတယ်။

