ချဲလ်ဆီးစတား 'ကိုဝဲလ်'

ကစားသမားသစ်တွေအပေါ် အများကြီးမျှော်လင့်ထားတဲ့ ချဲလ်ဆီးစတား ‘ကိုဝဲလ်’

ချဲလ်ဆီးစတား ကိုဝဲလ်က အသင်းကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဒီလပ် နဲ့ ပက်ဒရိုတို့အပေါ် အများကြီးမျှော်လင့်ထားမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပက်ဒရိုကို မခေါ်ယူနိုင်ခင်မှာ အစ်ဝှစ်စတား ဒီလပ်ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဝဲလ်က ချဲလ်ဆီးအသင်းနဲ့အတူ အမေရိကမြေမှာ ကလပ်ကမ္ဘာ့ဖလားပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်။ အဆိုပါကလပ်ကမ္ဘာ့ဖလား ၄ ပွဲမှာ ကိုဝဲလ်က ၃ ပွဲကို ပါဝင်ခွင့်ရရှိထားကာ ချဲလ်ဆီးအသင်းလူစာရင်းမှာ လူငယ်ကစားသမားတွေများလာတဲ့အပေါ် မျှော်လင့်ချက်ကြီးမားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာတင်နယ်လီ

‘မာတင်နယ်လီ’ကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ အယ်လ်နာဆာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီရယ်မာတင်နယ်လီကို ပေါင်သန်း ၇၃ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်အသင်းဟာ ဖီနာဘာချီကို အငှားနဲ့ပြောင်းရွှေ့တော့မဲ့ ဂျွန် ဒူရန်နေရာမှာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ်ရှာဖွေနေတာပါ။ လီဗာပူးကစားသမား လူဝစ်ဒီးယက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် အယ်လ်နာဆာအသင်းဟာ မာတင်နယ်လီကို ဒီနွေရာသီအတွင်း တိုက်စစ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်ဝင်းဂါး - ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်ရဲ့တိုးတက်မှုကို အံ့အားသင့်မိကြောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ နည်းပြဘဝမှာ လျင်လျင်မြန်မြန်တိုးတက်လာတာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတွေလည်း ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုင်ယန်အမ်ဘွေမို

လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ‘အမ်ဘွေမို’ကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်

ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ချိတ်ဆက်နေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ပတ်သက်ပြီး လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ရောင်းချမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မဲ့ ဘရိုက်တန်စတား

သတင်းတွေအရ ဘရိုက်တန်စတား ပက်ဒရိုတစ်ယောက် မကြာခင်မှာအသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။ ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂစ်တန်ကိုချိတ်ဆက်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမို

ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဗန်နစ္စတယ်ရွိုင်း

လက်စတာမှ ထုတ်ပယ်ခံရဖို့နီးစပ်လာတဲ့ နစ္စတယ်ရွိုင်း

လက်စတာကိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဗန်နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပရီးမီးယားလိဂ်မှတန်းဆင်းခဲ့တာကြောင့် ယခုအခါမှာတော့ အသင်းဘက်က ထုတ်ပယ်ဖို့ စတင်စီစဉ်နေပြီလို့ သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျူရီယန်တင်ဘာ

အာဆင်နယ်အသင်းမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူမယ်လို့ တင်ဘာ မျှော်မှန်ထား

အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာက အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမယ်လို့ ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကစားသမားအများအပြား ဒဏ်ရာရရှိခဲ့တာကြောင့် ကစားသမားသစ်ခေါ်ယူဖို့က အရေးကြီးတယ်လို့ တင်ဘာက ယူဆပါတယ်။ အဲဒီဒဏ်ရာတွေကြောင့် ဂန်းနားတွေဟာ ပရီးမီးယားလိဂ်လိဂ်ဖလား လမ်းကြောင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
ရူဘင်အာမိုရင်နဲ့အဆင်မပြေတဲ့ ဂါနာချို အသင်းကထွက်ခွာမည်

အာမိုရင်နဲ့ အဆင်မပြေဖြစ်ပြီးနောက် ယူနိုက်တက်ကနေထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆက်လက် ရှာဖွေနေတာကြောင့် နောက်ရာသီမှာ ဘယ်လိဂ်မှာကစားချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေက ဖော်ပြပါနေတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ယူရိုပါလိဂ် ဖိုင်နယ်မှာရှုံးနိမ့်ခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
တီဂျာနီရိန်ဒါစ်

အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ ဖို့ ပဲဆုံးဖြတ်ခဲ့တဲ့ ရိန်ဒါစ်

ယခုနွေရာသီအတွင်း မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ တီဂျာနီရိန်ဒါစ်က သူ့အနေနဲ့ အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ဖို့အတွက် လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်