ဒမ်ဘီလီရဲ့ ဘော်လွန်းဒီအော်ဆုအောင်မြင်မှု

ဒမ်ဘီလီရဲ့ ဘော်လွန်းဒီအော်ဆုအောင်မြင်မှု အဓိကအကြောင်းအရင်းကို ဂျီရော့ဒ် ရှင်းလင်း

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျီရော့ဒ်က ပြင်သစ်အသင်းဖော်ဟောင်းတစ်နေ့မှာ ဘော်လွန်းဒီအော်ဆုရမယ်ဆိုတာကို ဘယ်တုန်းကမှစိတ်ကူးမယဉ်မိခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီးနောက် အဆိုပါဆုရရှိခဲ့တဲ့အဓိကအကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။ ပီအက်စ်ဂျီစတား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး ၃၅ ဂိုး နဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် တနင်္လာညတုန်းက ဘော်လွန်းဒီအော်ဆုရယူနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒိုကို ဘာပေက ဘယ်လောက်အထိ အားကျလဲ

ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ဘာပေရဲ့ မိခင်

ရီးရဲလ်စတား ဘာပေရဲ့မိခင်ကတော့ သူ့သားဟာ ရော်နယ်ဒိုကို ဘယ်လောက်အထိ အားကျခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘာပေတစ်ယောက် ၂၀၂၄ နွေရာသီမှာ ငယ်ဘဝအိပ်မက်ကိုအသက်သွင်းနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကနေ ရီးရဲလ်ထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ဘာနေဗျူးမှာကစားချင်ခဲ့တာက ကလေးဘဝကတည်းကဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

အမ်ဘာပေက ကစားသမားဘဝမှာ မတူညီတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး မိုနာကိုမှာကစားနေချိန် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးအသင်းနဲ့ပတ်သက်တဲ့ အရာတွေကို အင်စတာဂရမ်ကနေ ဖျက်ပစ်လိုက်တဲ့ ဖိုဖာနာ

ချဲလ်ဆီးအသင်းနဲ့ပတ်သက်တဲ့ အရာတွေကို အင်စတာဂရမ်ကနေ ဖျက်ပစ်လိုက်တဲ့ ဖိုဖာနာ

ချဲလ်ဆီးအသင်းကို သုံးနှစ်အကြာက ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝက်စ်လေ ဖိုဖာနာဟာ ဒဏ်ရာတွေကြောင့် ပုံမှန်ပွဲကစားချိန်ရဖို့ ရုန်းကန်နေရပါတယ်။ ဖိုဖာနာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ACL ဒဏ်ရာကြောင့် တစ်မိနစ်မှ မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ဒွန်နာရမ်းမား

ပီအက်စ်ဂျီမှ ထွက်ခွာတော့မဲ့ ‘ဒွန်နာရမ်းမား’ အတွက် အသင့်အနေအထားမှာရှိနေတဲ့ ယူနိုက်တက်နှင့် မန်စီးတီး

ပီအက်စ်ဂျီဂိုးသမား ဂျန်လူးဂျီ ဒွန်နာရမ်းမားဟာ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်လို့ မန်စီးတီး နဲ့ ယူနိုက်တက်တို့က အသင့်အနေအထားမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ က လိုင်လီမှ လူကက်စ် ချီဗဲလ်လီယာ ကို ခေါ်ယူရန်အတွက် ကိုယ်ရေးကိုယ်တာသဘောတူညီချက် ရရှိထားပါတယ်။ ပြင်သစ်ကလပ်ဟာ စာချုပ်သက်တမ်း ၁၂ – လသာ ကျန်ရှိတော့တဲ့ ဒွန်နာရမ်းမားရဲ့ နေရာမှာ ချီဗဲလ်လီယာကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။

အပြည့်အစုံဖတ်ရန်
စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပေါ့ဂ်ဘာ

ဂန္ထဝင်တွေနဲ့ကန်ခဲ့ရလို့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာကြောင်း ပေါ့ဂ်ဘာ ပြောကြား

၁၉၉၈ ကမ္ဘာ့ဖလားဆုရှင်တွေဖြစ်တဲ့ ဇီဒန်းအပါအဝင် ဂန္ထဝင်တွေနဲ့ကန်ခဲ့ရလို့ ပြင်သစ်သားဟောင်း ပေါ့ဂ်ဘာက သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၁၈ တုန်းက ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပေမဲ့ အဲ့ကတည်းက ယူနိုက်တက်မှာ ခက်ခဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းဖော်ဟောင်းကိုသတိပေးလိုက်တဲ့ ဟာကီမီ

သူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်းကိုသတိပေးလိုက်တဲ့ ဟာကီမီ

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာမတွေ့ဆုံခင် ပီအက်စ်ဂျီစတား ဟာကီမီက ပြိုင်ပွဲမှာသူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်း မက်ဆီကို သတိပေးလိုက်ပါတယ်။ မက်ဆီဟာ လာမဲ့တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
တိုက်စစ်မှူးအမ်ဘာပေ

အစာအိမ်ဝေဒနာသက်သာလာပြီးနောက် ဆေးရုံမှပြန်ဆင်းလာတဲ့ အမ်ဘာပေ

ပြင်းထန်အစာအိမ်ဝေဒနာကြောင့် တိုက်စစ်မှူးအမ်ဘာပေ ဆေးကုသမှုခံယူနေတယ်လို့ ကြာသပတေးနေ့အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ရောဂါသက်သာလာလို့ ဆေးရုံဆင်းလာခဲ့ပါပြီ။

အပြည့်အစုံဖတ်ရန်
လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီ

၂၀၂၅ ဘောလွန်းဒီအော်ကို ဘယ်သူရမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ ပီကေး

ဘာစီလိုနာ ဂန္ထဝင်နောက်ခံလူ ဂျာရတ်ပီကေးက ၂၀၂၅ ဘောလွန်းဒီအော်ဆုကို လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီတို့အကြား ဘယ်ကစားသမားရမယ်ဆိုတာ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၉ ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၃ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ဖူးတဲ့ ပီကေးဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်