ပြင်သစ်အသင်းမှာ ပြန်လည်ပါဝင်လာတော့မဲ့ အမ်ဘာပေ
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ၂ ကြိမ်တိုင်တိုင်ချန်လှပ်ခံခဲ့ရပြီးနောက် လာမဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရတော့မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက သူ့အနေနဲ့ ဘောလုံးလောကရဲ့အတောက်ပဆုံး ကြယ်ပွင့် ၂ ပွင့်ထဲမှ လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရခဲ့ပေမဲ့ သူ့ရဲ့စံပြကစားသမားဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်မရခဲ့လို့ နောင်တရမိ တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အမ်ဘာပေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခဲ့ပါတယ်လို့ ဆွီဒင်မီဒီယာတစ်ခု ဖော်ပြခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္လာနေ့ညမှာ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားတဲ့ ပြင်သစ်စတားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဗုဒ္ဓဟူးကနေ သောကြာနေ့အထိ ဆွီဒင်သို့ သူငယ်ချင်းများနှင့်အတူ လည်ပတ်ခဲ့တာဖြစ်ပြီး စီးတီးစင်တာက Bank ဟိုတယ်မှာ တည်းခိုခဲ့တာဖြစ်ပါတယ်။