ဘုန်းမောက်ကို အနိုင်ယူခြင်းက အာဆင်နယ်အသင်း တိုးတက်လာတာကို ပြသနေတယ်လို့ အာတီတာပြောကြား
အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းဂိုး ပေးလိုက်ရပေမဲ့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ (၂၂) နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေတဲ့ အသင်းရဲ့ “တိုးတက်မှု” လက္ခဏာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

