မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

ပီအက်စ်ဂျီစတား ဗာရက်တီက သူနဲ့ နေမာတို့ မက်ဆီကို ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းလာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗာရက်တီက သူရယ် ၊ နေမာရယ် ၊ ပါရီဒက်စ်ရယ် ၊ ဒီမာရီယာရယ် ၄ ယောက်ပေါင်းပြီး မက်ဆီကို အံ့ဖွယ်ညစာတစ်ခုဖန်တီးကာ စည်းရုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါစည်းရုံးမှုအပြီးမှာ အာဂျင်တိုင်းဟာ အလျင်အမြန် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီနဲ့ အယ်လ်ဘာတို့ပါဝင်နိုင်မယ်လို့ မာရှေယာနိုအတည်ပြု

လိဂ်ဖလားပွဲစဉ်မှာ မက်ဆီနဲ့ အယ်လ်ဘာတို့ပါဝင်နိုင်မယ်လို့ မာရှေယာနိုအတည်ပြု

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတွေဖြစ်တဲ့ တိုက်စစ်မှူးလီယွန်နယ်မက်ဆီနဲ့ နောက်ခံလူဂျော်ဒီအယ်လ်ဘာတို့ဟာ အက်တလက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ပွဲပယ်ခံရမှုအပေါ် တုံ့ပြန်လိုက်တဲ့ မက်ဆီ

ပွဲပယ်ခံရမှုအပေါ် တုံ့ပြန်လိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ နှင့် အင်တာမိုင်ယာမီ အသင်းဖော် ဂျော်ဒီ အယ်လ်ဘာ တို့နှစ်ဦးစလုံးဟာ All-Star Game အတွက် ရွေးချယ်ခံခဲ့ရသော်လည်း အော်စတင် ၊ တက္ကဆက်မှာ ကျင်းပတဲ့ပွဲကို မပါဝင်ခဲ့ကြပါဘူး။ ဘာစီလိုနာ ကစားသမားဟောင်းနှစ်ဦးဟာ အင်္ဂါနေ့ညက ကျင်းပတဲ့ All-Star skills challenge ကိုလည်း တက်ရောက်ခဲ့ခြင်းမရှိသလို ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုလိဂ် က ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရမဲ့ All-Star Game ကိုလည်း လာရောက်ခဲ့ခြင်း မရှိပါဘူး။

အပြည့်အစုံဖတ်ရန်
ရော်နယ်ဒို

မှတ်တမ်းများကို ချိုးဖျက်ရန်သာ တစ်ခုတည်းသော ရည်မှန်းချက်ရှိနေတဲ့ ရော်နယ်ဒို

အသက် ၄၀ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒိုဟာ မှတ်တမ်းများကို ချိုးဖျက်ရန်သာ တစ်ခုတည်းသော ရည်မှန်းချက်ရှိနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် ကြိုးပမ်းရေးတွင် ထောက်ခံမှုများ ရရှိနေပါတယ်။

အပြည့်အစုံဖတ်ရန်
အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်

အက်သလက်တီကိုကြယ်ပွင့် ‘ဒီပေါလ်’ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ အင်တာမီယာမီ

မေဂျာလိဂ်ကလပ် အင်တာမီယာမီဟာ အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီရဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်ကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာကြောင်း သတင်းတွေကဖော်ပြလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဒေါ်နယ်လ်ထရန့်

‘လီယွန်နယ် မက်ဆီ’နှင့် ‘ခရစ္စတီယာနို ရော်နယ်ဒို’တို့ကို GOAT အမည်အတွက် ချန်ထားခဲ့တဲ့ ‘ဒေါ်နယ်လ်ထရန့်’

အမေရိကန်သမ္မတဟာ တနင်္ဂနွေညက ချဲလ်ဆီး ရဲ့ ဥရောပချန်ပီယံ ပီအက်စ်ဂျီ ကိုအနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးစဉ်ပွဲကို တက်ရောက်ခဲ့ပါတယ်။ ကိုးလ်ပါလ်မာ ဟာ ချဲလ်ဆီးအား ၃-၀ ဂိုး ဖြင့် အနိုင်ရရှိရန် အကောင်းဆုံး စွမ်းဆောင်ခဲ့သော်လည်း အန်ဇို မာရက်စ်ကာ ရဲ့ အသင်းအား သင်္ကေတဖြစ်တဲ့ မက်လိုက်ဖ် အားကစားကွင်း၌ ဖလားပေးအပ်စဉ်တွင် ထရန့်က အားလုံးရဲ့ အာရုံစိုက်မှုကိုရခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်တာမိုင်ယာမီနည်းပြ မာရှေယာနို

မက်ဆီရဲ့သမိုင်းဝင် ဂိုးသွင်းစွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အင်တာမိုင်ယာမီနည်းပြ မာရှေယာနို

လီယွန်နယ် မက်ဆီ ဟာ MLS တွင် သမိုင်းဝင် စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ သူဟာ ဆက်တိုက်ကစားခဲ့တဲ့ ငါးပွဲမှာ နှစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ဒါဟာ လိဂ်မှာဘယ်သူမှမလုပ်ဖူးသေးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီ က နက်ရှ်ဗီးလ် အက်စ်စီ ကို ၂-၁ ဂိုး နဲ့ အနိုင်ရတဲ့ပွဲမှာ နှစ်ဂိုးစလုံးသွင်းယူပြီး ထပ်မံခြေစွမ်းပြသခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့အတူ အာဂျင်တီးနား ဂန္တဝင်ကစားသမားဟာ MLS ပွဲစဉ် ငါးပွဲဆက်တိုက် နှစ်ဂိုးသွင်းယူတဲ့ စံချိန်ကိုထပ်မံတိုးချဲ့နိုင်ခဲ့ပြီး လိဂ်စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မက်ဆီ - အချိန်သီးသန့်လိုအပ်တယ်

မက်ဆီအနားယူဖို့အတွက် အချိန်သီးသန့်လိုအပ်တယ်လို့ ပြောကြားလာတဲ့ မာရှေယာနို

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက နယူးအင်္ဂလန်ကို ၁-၂ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်အပြီးမှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့တဲ့ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကို အနားယူဖို့အတွက် အချိန်သီးသန့်ပေးဖို့လိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
မာရှေးယာနို

မိနစ် ၉၀ ပြည့် ‘မက်ဆီ’ကိုကစားခွင့်ပေးတဲ့အပေါ် ကာကွယ်ပြောကြားလိုက်တဲ့ ‘မာရှေးယာနို’

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မွန်ထရီရယ်ကို ၄-၁ နဲ့အနိုင်ရနေပေမဲ့ မက်ဆီကို မိနစ် ၉၀ ပြည့်ပါဝင်ခွင့်ပေးခဲ့တဲ့အပေါ် ကာကွယ်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ အင်တာမိုင်ယာမီက မက်ဆီ ၊ တာဒီယို ၊ တီလာစကိုစတဲ့ကစားသမားတွေရဲ့ဂိုးတွေနဲ့ မွန်ထရီရယ်ကိုအနိုင်ရခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အင်တာမီယာမီမှ ထွက်ခွာဖွယ်ရှိတဲ့ မက်ဆီ

အင်တာမီယာမီတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆက်လက်ပါဝင်ဖို့စိတ်အားထက်သန်နေတာကြောင့် လက်ရှိကလပ် မီယာမီကနေထွက်ခွာပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုသို့ပြောင်းရွှေ့ကစားသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်