
လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း “ပါတေး”အသနားခံ
အာဆင်နယ်စတားဟောင်း ပါတေးက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုတွေအတွက် အပြစ်မရှိကြောင်း အသနားခံလိုက်ပါတယ်။ အသက် ၃၂ နှစ်သားက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ၅ ခုမှာအပြစ်မရှိသလို ကိုယ်ထိလက်ရောက်စော်ကားမှု ၁ ခုမှာလည်း အပြစ်မရှိဘူးလို့ အသနားခံခဲ့ပါတယ်။