ယူနိုက်တက်ဟာ ဖောရက်စ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ‌စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၂ နဲ့သရေကျပြီးနောက် ပွဲအပြီးမှာ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပုံစံအတိုင်းဆို ဖောရက်စ်ကို ရှုံးနိမ့်သွားမှာသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

ယူနိုက်တက်မှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ်ကိုယ်ကိုယ်သံသယဝင်ခဲ့ကြောင်း အာမိုရင် ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်မှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ပြီး ဖိအားတွေဝင်ခဲ့တာကြောင့် အသင်းမှာ ၁ နှစ်တောင်ခံပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

အာဖရိကဖလားကာလအတွင်း ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက် နည်းပြ ရူဘင်အာမိုရင်က ဒီနှစ်နှောင်းပိုင်းမှာကျင်းပမဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားတွေ ထွက်ခွာသွားတဲ့အခါ အသင်းအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်စဉ် သုံးပွဲဆက်အနိုင်ရထားပြီး ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါ

အန်ဇိုက တကယ့်ကို ယဉ်ကျေးတဲ့လူငယ်လေးပါလို့ ပြောကြားလိုက်တဲ့ ဂါနာချို

ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ အန်ဇို ဖာနန်ဒက်ဇ် ရဲ့ အခန်းကဏ္ဍကိုလည်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အမ်ဘွေမို-ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှု

အမ်ဘွေမိုကို ယူနိုက်တက်ရဲ့နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှုအဖြစ် ရွန်းနီ ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုဟာ နွေရာသီကစားသမားခေါ်ယူမှုတွေအနက် အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို ပြောကြားလာတဲ့ ဖာနန်ဒက်စ်

ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုတွေကို အသေးစိတ် ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ လာမဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပါက ယူနိုက်တက်ကစားသမားဘဝ ပွဲ ၃၀၀ ပြည့်မြောက်မှာဖြစ်ပြီး ပေါ်တူဂီသားဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်နောက်ပိုင်း အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ သတ်မှတ်ခံထားရကာ သွင်းဂိုး ၁၀၀ လည်းပြည့်မြောက်ထားသူလည်းဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
တကယ့်နှုတ်ဆက်မှုနဲ့ထိုက်တန်ခဲ့တဲ့ ရော်နယ်ဒို

တကယ့်နှုတ်ဆက်မှုနဲ့ထိုက်တန်ခဲ့တဲ့ ရော်နယ်ဒို

နည်းပြဟောင်း ဘန်နီမက္ကာသီက ရော်နယ်ဒိုအနေနဲ့ ၂၀၂၂ ယူနိုက်တက်နေကထွက်ခွာချိန် တကယ့်နှုတ်ဆက်မှုနဲ့ ထိုက်တန်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ မက္ကာသီက ရော်နယ်ဒိုဟာ အသင်းအတွက် အမှတ်တရကောင်းတွေအများကြီးယူဆောင်လာပေးခဲ့ပေမဲ့ ထိုက်တန်မှုမျိုးမရခဲ့ဘူးလို့ ခံစားနေရပါတယ်။

အပြည့်အစုံဖတ်ရန်
တစ်ပတ်တာအကောင်းဆုံးအသင်းမှာ၂ ကြိမ်ပါဝင်ခဲ့တဲ့ မဂွိုင်းယား

ပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံးအသင်းမှာ၂ ကြိမ်ပါဝင်ခဲ့တဲ့ မဂွိုင်းယား

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမဂွိုင်းယားဟာ တနင်္ဂနွေနေ့က အင်္ဂလန်ဒါဘီမှာ လီဗာပူးဘက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်တစ်ပတ်တာအကောင်းဆုံး ကစားသမားစာရင်း ၂ ခုမှာ ရွေးချယ်ခံခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန်
နည်းပြရာထူးမှ ထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့သူတွေကို အာမိုရင်ပြန်လည်တုံ့ပြန်

ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့သူတွေကို အာမိုရင်ပြန်လည် တုံ့ပြန်

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၁-၂ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူ့ကို ခရစ္စမတ်ကာလမတိုင်မီ ရာထူးမှထုတ်ပယ်ခံရမယ်လို့ ထင်ကြေးပေးခဲ့သူတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်

ချဲလ်ဆီးသို့မပြောင်းခင် ယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိနီးစပ်ခဲ့တဲ့ ဒီလပ်

ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့မရောက်ခင်မှာ မန်ချက်စတာယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိ နီးစပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ချဲလ်ဆီးကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်