ယူနိုက်တက်ကျရှုံးခဲ့ခြင်း

ယူနိုက်တက်ကျရှုံးခဲ့ခြင်းမှာ နာမည်ကျော်ကစားသမားတွေနောက်လိုက်ခဲ့ခြင်းကြောင့်ဖြစ်တယ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီက အသင်းအနေနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ဝေးကွာပြီး ကျရှုံးမှုတွေကြုံတွေ့နေရခြင်းမှာ လူကာကူ၊ ပေါ့ဂ်ဘာနဲ့ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော်ကစားသမားတွေနောက် လိုက်ခဲ့ခြင်းကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်နေကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်

အင်္ဂလန်လက်ရွေးစင်ကစားသမား‌ဟောင်း အလန်ရှီးယားက စနေနေနေ့က တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ ဖြုန်းတီးပစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အင်္ဂလန်မှာ ဆက်ရှိနိုင်တယ်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အင်္ဂလန်မှာ ဆက်ရှိနိုင်တယ်လို့ အရိပ်အမြွက်ဖွင့်ဟလာတဲ့ တူချယ်

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ၂၀၂၆ ကမ္ဘာ့ဖလားအပြီး အင်္ဂလန်အသင်းကို ဆက်လက်တာဝန်ယူသွားနိုင်ကြောင်း ဝန်ခံလိုက်ပါတယ်။ ဒါပေမဲ့ အနာဂတ်ကို အခုအချိန်မှာ အရေးတကြီး စဉ်းစားမနေသေးဘူးလို့လည်း အခိုင်အမာ ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဆာဘွဲ့ရရှိပြီးနောက် ဂုဏ်ယူဝမ်းမြောက်နေတဲ့ ဒေးဗစ်ဘက်ခမ်း

ဆာဘွဲ့ရရှိပြီးနောက် ဂုဏ်ယူဝမ်းမြောက်မှုကို ထုတ်ဖော်ဖွင့်ဟလာတဲ့ ဒေးဗစ်ဘက်ခမ်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ချားလ်စ်ဘုရင်ထံမှ တရားဝင် ဆာဘွဲ့ကို လက်ခံရရှိပြီးနောက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်းရဲ့စက်ရုပ်အကပုံစံအောင်ပွဲခံမှုအပြီး ရယ်ရွှင်ဖွယ်တုံ့ပြန်ခဲ့တဲ့ ပီတာခရော့ချ်

ဟာလန်းရဲ့စက်ရုပ်အကပုံစံအောင်ပွဲခံမှုအပြီး ရယ်ရွှင်ဖွယ်တုံ့ပြန်ခဲ့တဲ့ ပီတာခရော့ချ်

ဟာလန်းက တနင်္ဂနွေနေ့၊ ဘုန်းမောက်နဲ့ပွဲစဉ်အတွင်း နှစ်ဂိုးသွင်းယူကာ သူ့ရဲ့ဘောလုံးရာသီသစ်ကို အံ့မခန်းပုံစံဖြင့် စတင်နိုင်ခဲ့ပါတယ်။ မန်စီးတီးတိုက်စစ်မှူးက အီတီဟတ်ကွင်းအတွင်း အဖွင့်ဂိုးသွင်းယူပြီးချိန် အောင်ပွဲခံမှုပုံစံတစ်ခုကို ဆွဲထုတ်လာခဲ့ပါတယ်။ အခုရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ကစားပြီးသေးချိန် ဟာလန်းရဲ့သွင်းဂိုးက ၁၃ ဂိုးအထိ ရှိလာပါပြီ။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးနည်းပြဖြစ်ချင်တဲ့ ဂျွန်တယ်ရီ

နည်းပြဖြစ်ဖို့ အခွင့်အလမ်းတွေ ဘာကြောင့် ပိုမရသလဲဆိုတာ နားလည်ရခက်ခဲတယ်လို့ ပြောကြားလိုက်တဲ့ ဂျွန်တယ်ရီ

ဂျွန်တယ်ရီက သူဟာ ဘာကြောင့် အလုပ်ကမ်းလှမ်းမှုတွေ ပိုမိုမရရှိသလဲဆိုတဲ့ အချက်အပေါ် ရှုပ်ထွေးမိကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းကို ကိုင်တွယ်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း လက်လျှော့လိုက်ပုံရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြရာထူးတစ်ခုမှ မရရှိတော့ဘဲ ကမ်းလှမ်းမှုတွေလည်း ရောက်မလာခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
ဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း

လူငယ်စတားဘယ်လင်ဟမ်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဒေါ့မွန်လူငယ်စတားဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းက ကာကွယ်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်က အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ အလုပ်ဆက်ကြိုးစားဖို့အပြင် စိတ်ရှည်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်

ချဲလ်ဆီးသို့မပြောင်းခင် ယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိနီးစပ်ခဲ့တဲ့ ဒီလပ်

ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့မရောက်ခင်မှာ မန်ချက်စတာယူနိုက်တက်သို့ရောက်ရှိဖို့ ၉၀ ရာခိုင်နှုန်းအထိ နီးစပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ချဲလ်ဆီးကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
ဘယ်လင်ဟမ်ကိုပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် အာရုံစိုက်နေတာကြောင့် ယခုအခါမှာ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ညီဖြစ်သူ ဒေါ့မွန်ကွင်းလယ်လူ ဂျို့ဘ်ဘယ်လင်ဟမ်ကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှုရယူကာ ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် လိဂ်တူးအဆင့် ကလပ် ဂရင်းဘီတောင်း ကို လိဂ်ဖလား မှာ ရှုံးနိမ့်ခဲ့တဲ့ ရှက်စရာပွဲပါ အပါအဝင် အခြေအနေတွေကြောင့် နည်းပြ ရူဘင်အမ်မိုရင်ရဲ့ ယူနိုက်တက်နည်းပြ ရာထူး အနာဂတ်အတွက် ထင်ကြေးပေးမှုတွေ မြင့်တက်နေပါတယ်။

အပြည့်အစုံဖတ်ရန်