
ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။
အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာက အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားမယ်လို့ ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကစားသမားအများအပြား ဒဏ်ရာရရှိခဲ့တာကြောင့် ကစားသမားသစ်ခေါ်ယူဖို့က အရေးကြီးတယ်လို့ တင်ဘာက ယူဆပါတယ်။ အဲဒီဒဏ်ရာတွေကြောင့် ဂန်းနားတွေဟာ ပရီးမီးယားလိဂ်လိဂ်ဖလား လမ်းကြောင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဂါနာချို ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆက်လက် ရှာဖွေနေတာကြောင့် နောက်ရာသီမှာ ဘယ်လိဂ်မှာကစားချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေက ဖော်ပြပါနေတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ကို ယူရိုပါလိဂ် ဖိုင်နယ်မှာရှုံးနိမ့်ခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင် ဂိုးသမားဟာ အိုးထရက်ဖို့ဒ်မှာ နောက်ထပ်စိတ်မချရတဲ့ရာသီကိုကြုံတွေ့ခဲ့ရပြီး ဆိုးရွားတဲ့အမှားတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်နေထိုင်ရမဲ့ရက်တွေ နည်းပါးလာနိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အီမီလီယာနို မာတီနက်ဇ် ဟာ ယခုနွေရာသီတွင် ယူနိုက်တက်မှ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြောင်း သတင်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အာဂျင်တီးနား မှ Bolavip ရဲ့ သတင်းများအရ ဗီလာဂိုးသမား မာတီနက်ဇ် ဟာ လက်ရှိအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ယူနိုက်တက်က ယခုနွေရာသီတွင် သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟာ ရာသီကုန်တွင် ဗီလာပါ့ခ် ပရိသတ်များအား နှုတ်ဆက်ခဲ့ပုံရသော်လည်း ထိုအချိန်က မည်သည့်နေရာသို့ ရောက်ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိသေးတာဖြစ်ပါတယ်။
သတင်းတွေအရ တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်တစ်ယောက် ဆော်ဒီမြေကိုပြောင်းဖို့ အခုနွေရာသီမှာ တော့တင်ဟမ်ကိုထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားသားဟာ တော့တင်ဟမ်အတွက် ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပွဲပေါင်း ၄၅၄ ပွဲပါဝင်ကစားပြီး ၁၇၃ ဂိုးအထိသွင်းယူကာ ၁၀၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့ဖို့ အသင်းမှ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အစမှာပဲ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့တော့မယ်လို့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားနေပြီး ယခုအခါမှာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးအနေနဲ့ ယူနိုက်တက်ထံ ပေါင်သန်း ၁၀၀ အထိပေးချေဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။
အီဒါဆန်ထွက်ခွာမဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန်စီးတီးအသင်းရဲ့မရေမရာဖြစ်နေတဲ့ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ်သတင်းစကားတစ်ခုကို ပက်ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ဂိုးသမားနေရာက ဒဏ်ရာပြဿနာအပြင် အမှားအယွင်းတွေ ကျူးလွန်လေ့ရှိတဲ့ အီဒါဆန်နဲ့အတူ အရံဂိုးသမားအော်တေဂါရဲ့မတည်ငြိမ်တဲ့လက်စွမ်းပိုင်းတို့ကြောင့် မရေမရာအခြေအနေအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိခဲ့ဖူးသူတွေက ပေါ်တိုရဲ့ဒီယိုဂိုကော်စတာ၊ အက်စ်ပန်ညိုရဲ့ဂျိုအမ်ဂါစီယာတို့ကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။
စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို အခုနွေရာသီမှာ အငှားနဲ့ခေါ်ယူမဲ့အခြေအနေကို ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ အာမိုရင်နဲ့ အဆင်မပြေတာကြောင့် ဒုတိယရာသီဝက်မှာ ဗီလာအသင်းထံ အငှားထွက်ကစားခဲ့ရပါတယ်။