အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့မှာကျင်းပမဲ့ 88 rising’s Head In The Clouds Music & Arts Festival 2025 မှာ တောင်ကိုရီးယားနာမည်ကျော်အနုပညာရှင်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ပွဲတော်ဟာ လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင် ဘရော့ဆိုက်ရဲ့အထင်ကရ ရိုစ့်ဘိုးလ်မှာ လာမဲ့ မေ ၃၁ မှ ဇွန်လ ၁ ရက်ထိ နှစ်ရက် ကျင်းပမှာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ဖျော်ဖြေမဲ့သူတွေဟာ နိုင်ငံတကာ အနုပညာရှင်မျိုးစုံ ရောနှောပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပွဲတော်မှာ တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ 2NE1 နဲ့ K-pop icon G-Dragon တို့လည်း ပါဝင်မှာဖြစ်ပြီး နောက်ထပ် တစ်ကိုယ်တော်အနုပညာရှင်များအနေနဲ့ Dean ၊ DPR IAN ၊ DPR ARTIC & DPR CREAM ၊ Miso ၊ ရက်ပ်ပါ Tabber၊ အဆိုတော်-တေးရေး Youha နဲ့ အခြားအဆိုတော်တွေ ပါဝင်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့ဟာ မကြာသေးခင်က တောမီးလောင်ကျွမ်းမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

Source : soompi.com