သတင်းတွေအရ ရီးရဲလ်စတား ဗင်နီဆီးယက်စ်ဟာ အသင်းဖော် အမ်ဘာပေနည်းတူ ကလပ်အသင်းတစ်သင်းကို ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

ဘရာဇီးသားက ပေါ်တူဂီလိဂ် ၂ ကလပ်အသင်းဖြစ်တဲ့ Alverca အသင်းကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ လာမဲ့ရက် အနည်းငယ်အတွင်းမှာ ပိုင်ရှင်အသစ်တွေကို ကြေညာမှာဖြစ်ပြီး လက်ရှိမှာတော့ စီအီးအို အော်နယ်လက်စ်ကာ အသင်းကို ၂ဝ၂၄ – ၂၅ ရာသီကုန်အထိ တာဝန်ယူသွားမယ်လို့ သိရပါတယ်။
“အယ်လ်ဗာကာအသင်းကို စပိန် နဲ့ ဘရာဇီးက ရင်းနှီးမြုပ်နှံသူတွေထံ ရောင်းချလိုက်ပါပြီ”လို့ အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးတောင်ပံကစားသမားဟာ ရီးရဲလ်အသင်းမှာ ကလပ်အသင်းပိုင်ဆိုင်တဲ့ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေတုန်းက ဘာပေတစ်ယောက် ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းကို ပေါင် ၁၇ သန်းနဲ့ ဝယ်ယူခဲ့သေးတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်သားဟာ လာမဲ့ဗုဒ္ဓဟူးနေ့ မန်စီးတီးနဲ့ကန်မဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲမှာလည်း ရီးရဲလ်အသင်းအတွက် ပါဝင်လာမှာဖြစ်ပါတယ်။
Source: dailymail.co.uk