ယူနိုက်တက်သို့ပြောင်းရွှေ့ချင်နေတဲ့ အီမီလီယာနို မာတီနက်ဇ်

အီမီလီယာနို မာတီနက်ဇ်

အီမီလီယာနို မာတီနက်ဇ် ဟာ ယခုနွေရာသီတွင် ယူနိုက်တက်မှ ခေါ်ယူမှုကို စောင့်ဆိုင်းနေကြောင်း သတင်းအသစ်တစ်ခုက ဖော်ပြထားပါတယ်။ အာဂျင်တီးနား မှ Bolavip ရဲ့ သတင်းများအရ ဗီလာဂိုးသမား မာတီနက်ဇ် ဟာ လက်ရှိအသင်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် ယူနိုက်တက်က ယခုနွေရာသီတွင် သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ရှိ၊ မရှိ စောင့်ကြည့်နေပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟာ ရာသီကုန်တွင် ဗီလာပါ့ခ် ပရိသတ်များအား နှုတ်ဆက်ခဲ့ပုံရသော်လည်း ထိုအချိန်က မည်သည့်နေရာသို့ ရောက်ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိသေးတာဖြစ်ပါတယ်။

ယခုအခါ ဂါလာတာဆာရေး က မာတီနက်ဇ် ကို ခေါ်ယူရန် ဖြစ်နိုင်ခြေကို လေ့လာနေချိန်တွင် ကမ္ဘာ့ဖလားဆုရှင်က အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လိုကြောင်း ထင်ရှားလာခဲ့ပါတယ်။ ယူနိုက်တက် ဘက်ကမူ စိတ်ဝင်စားမှုကို တရားဝင် မကြေညာသေးဘဲ အန်ဒရီ အိုနာနာ ကို မရောင်းချနိုင်မချင်း ထိုသို့ ပြုလုပ်ဖွယ် မရှိနေတာပါ။ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ရာသီက ဗီလာ အတွက် ၅၃ ပွဲ ကစားခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ၁၆ ပွဲ Clean Sheet ရရှိခဲ့ပါတယ်။ အူနိုင်း အမ်မရီ ရဲ့ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့တာဖြစ်ပြီး နောက်ဆုံးနေ့တွင် နယူးကာဆယ် က အဆင့် ၅ နေရာကို လုယူသွားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

မာတီနက်ဇ် ဟာ အိုးထရက်ဖို့ဒ် သို့ ပြောင်းရွှေ့လိုပါက ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီး အိုနာနာ ရဲ့ အနာဂတ်အပေါ် အထူးအာရုံစိုက်နေရမှာ ဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *