ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး နဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီးတို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မှာ ဆုံတွေ့

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး နဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီး

အရပ် ၂၁၅.၁၆ စင်တီမီတာ (၇ ပေအမြင့်) ရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး ရူမီဆာဂဲလ်ဂီနဲ့ အရပ် ၆၂.၈ စင်တီမီတာ (၂ ပေ) ရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး ဂျိုတီအမ်ဂီတို့ဟာ ဗြိတိန်နိုင်ငံ Savoy Hotel မှာ တွေ့ဆုံခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) က ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၂၀ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး နဲ့ ကမ္ဘာ့အရပ်အပုဆုံးအမျိုးသမီး2

အမျိုးသမီးနှစ်ဦးကြား အရပ်ကွာခြားချက်ဟာ ၁၅၂.၃၆ စင်တီမီတာ (၅ ပေ) ထိ ရှိပါတယ်။ ဒါပေမဲ့ “ကျွန်မတို့မှာ တူညီတဲ့ အရာတွေရှိပါတယ်၊ နှစ်ယောက်လုံးက မိတ်ကပ်လိမ်းတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ၊ လက်ဝတ်လက်စားတွေနဲ့ လက်သည်းတွေလုပ်ရတာကို သဘောကျတယ်” လို့ ဂဲလ်ဂီက ဆိုပါတယ်။

“ကျွန်မတို့ရဲ့အရပ်အမောင်း ကွာခြားမှုကြောင့် မျက်လုံးချင်းဆုံဖို့ကတော့ ခက်ပါတယ်။ ဒါပေမဲ့ အရမ်းခင်မင်မိပါတယ်” လို့ သူမကပဲ ဆက်ပြောခဲ့ပါတယ်။ တူရကီနိုင်ငံမှ ဝဘ်ဒီဇိုင်နာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဂဲလ်ဂီ (အသက် ၂၇ နှစ်) ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် ၂၀၂၁ ခုနှစ်မှာ ဂင်းနစ်မှတ်တမ်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မွေးဖွားတဲ့ ကမ္ဘ့ာအပုဆုံး အမျိုးသမီးအမက်ဂျ်ကတော့ Achondroplasia လို့ခေါ်တဲ အရိုးကြီးထွားမှုဆိုင်ရာ ရောဂါ ရှိနေသူ တစ်ဦးဖြစ်ပါတယ်။ ဒါအပြင် သူမဟာ အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “American Horror Story: Freak Show” နဲ့ အီတလီတီဗွီရှိုး “Lo Show Dei Record” မှာလည်း ပါဝင်ခဲ့ဖူးတဲ့ ကမ္ဘာ့အရပ်အပုဆုံး သရုပ်ဆောင်မင်းသမီးလည်းဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း (GWR) အယ်ဒီတာချုပ် ခရိုက်ဂလင်ဒေ က ၎င်းတို့ ၂ ယောက်ကို လန်ဒန်မှာ စုံတွေ့ပေးခြင်းဟာ “မတူညီ ကွဲပြားမှုတွေကို ဂုဏ်ပြုပေးခြင်း”ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီအံ့သြစရာကောင်းတဲ့ အထင်ကရ အမျိုးသမီးနှစ်ယောက်ကို ဆုံတွေ့ပေးလိုက်ခြင်းလိုက်ခြင်းအားဖြင့် သူတို့ ဘဝနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားနိုင်တယ်” လို့ ၎င်းက ဆိုပါတယ်။

Source : people.com

#ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း #အရပ်အရှည်ဆုံး #အရပ်အပုဆုံး #ရူမီဆာဂဲလ်ဂီ #ဂျိုတီအမ်ဂီ #SavoyHotel #အမျိုးသမီး #အရပ်ကွာခြားမှု #Achondroplasia #သရုပ်ဆောင်မင်းသမီး

Leave a Reply

Your email address will not be published. Required fields are marked *