ဒေးဗစ်ဘက်ခမ်းနဲ့ဆက်ဆံရေးအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မက်ဆီ

ဒေးဗစ်ဘက်ခမ်းနဲ့ဆက်ဆံရေးအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မက်ဆီ

အင်တာမိုင်ယာမီစတား မက်ဆီက အသင်းဥက္ကဋ္ဌ ဘက်ခမ်းနဲ့ ဆက်ဆံရေးအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Futbol နဲ့အင်တာဗျူးမှာ မက်ဆီက ဘက်ခမ်းအကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်သားဟာ ပရော်ဖက်ရှင်နယ်ဘဝတွေကြောင့် အချိန်အနည်းငယ်လောက်သာ ကုန်ဆုံးခွင့်ရပေမဲ့ အပြင်ဘက်မှာတော့ ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိနေတာဖြစ်ပါတယ်။ မက်ဆီက ဘက်ခမ်းဟာ အံ့ဖွယ်လူသားတစ်ဦးဖြစ်သလို နှိမ့်ချတတ်ပြီး ကိုင်တွယ်ဖြေရှင်းတတ်တဲ့လူစားမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘက်ခမ်းဟာ မက်ဆီကို အင်တာမိုင်ယာမီအသင်းထံ ခေါ်ယူပေးခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ မေဂျာလိဂ်ကလပ်ကို ပထမဆုံးရင်းနှီးမြုပ်နှံတဲ့သူလည်းဖြစ်ပြီး မိုင်ယာမီအုပ်စုကို ဦးဆောင်ကာ ၂၀၁၉ စက်တင်ဘာတုန်းက မက်ဆီရဲ့ဖခင် ဂျော့ချ်မက်ဆီကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“အမှန်တရားက သူက အထင်ကြီးစရာဖြစ်သလို တကယ့်အံ့ဖွယ်လူစားပါ။ ဘာမှမဟုတ်ပါဘူး။ ဒီမှာ သူ့နေ့တွေရှိလာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ အပြင်ဘက်ဆက်ဆံရေးရှိသလို အင်တာမိုင်ယာမီမှာတော့ အနည်းငယ်ပဲရှိပါတယ်။ သူက နှိမ့်ချမှုရှိသလို တကယ့်အံ့ဖွယ်လူစားမျိုးပါ”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ လအနည်းငယ်လောက်အလုပ်များဖွယ်ရှိနေပြီး ကွန်ကာကက်ဖ်ဖိုင်နယ်အတွက် ပြင်ဆင်နေပါတယ်။ ဇွန်လမှာ မက်ဆီဟာ အင်တာမိုင်ယာမီကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင် ဦးဆောင်ဖွယ်ရှိနေပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *